ရှားပါးကြိုးကြာငှက်များ ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး၌ဆောင်ရွက်ရာ ကြိုးကြာခေါင်းနီအသိုက် ၁၀၀ ကျော်တွေ့ရှိ

ရှားပါးကြိုးကြာငှက်များ ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများကို သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သားငှက်ထိန်း သိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)နှင့် ဒေသခံသားငှက်ထိန်းသိမ်းရေး အဖွဲ့တို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်နှင့် မအူပင်မြို့နယ်တို့၌ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလကုန်အထိ ကြိုးကြာခေါင်းနီအသိုက် ၁၀၀ ကျော်တွေ့ ရှိကြောင်း  သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ Landscaping Coordinator ဦးနိုင်လင်း၏ ပြောကြားချက်အရ သိရသည်။

 COVID-19 ရောဂါအခြေအနေကြောင့် ဒေသခံတွေနဲ့ ပူးပေါင်းပြီး Work from Home အလုပ်လုပ်နေရတယ်။ ကြိုးကြာခေါင်းနီအသိုက် ၁၀၀ ကျော်တွေ့ တယ်။ မအူပင်မြို့နယ်နဲ့  ဝါးခယ်မမြို့ နယ်မှာ သြဂုတ်လကကွင်းဆင်းခဲ့တယ်။ သြဂုတ်လကုန်ခါနီး COVID-19 ရောဂါ တွေပြန်ဖြစ်လာတော့  ဒေသခံထိန်းသိမ်း ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး သူတို့က ဆက်ပြီး လုပ်တယ်။   စက်တင်ဘာလကုန်အထိ  မအူပင်မြို့နယ်မှာ ကြိုးကြာအသိုက် ၁၉ သိုက်၊ ဝါးခယ်မမြို့နယ်မှာ ၉၆ သိုက်တွေ့ ရှိခဲ့တယ် ဟု ဦးနိုင်လင်းက ပြောသည်။

ယခင်နှစ်က ရေကြီးမှုကြောင့် ကြိုးကြာ ခေါင်းနီအသိုက်များ ပျက်စီးခဲ့ပြီး ယခုနှစ် ရာသီဥတုသည် ကြိုးကြာခေါင်းနီများ၏ အသိုက်ပျက်စီးစေမှုကို လျော့နည်းစေကာ အသိုက်အောင်မြင်မှုကို များစွာအထောက် အကူပြုမည်ဟု မျှော်မှန်းထားသည်။

မြန်မာနိုင်ငံ၌ ကြိုးကြာခေါင်းနီကို ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ၌ အများဆုံးတွေ့ရပြီး  ရခိုင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ မိုးယွန်းကြီးအင်း၊ အင်းလေးကန်နှင့် ကယားပြည်နယ်တို့၌ ကြိုးကြာခေါင်းနီ အနည်းငယ်ကျက်စား ကြောင်း သိရသည်။

ဆုလာဘ်