ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အသင်းတို့ ဒုတိယမြောက် ခြေစမ်းပွဲ ယှဉ်ပြိုင်

ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အသင်းတို့ ဒုတိယမြောက် ခြေစမ်းပွဲ ယှဉ်ပြိုင်

နေပြည်တော် သြဂုတ် ၃၁

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ ပြိုင်ပွဲမှ ခြေစွမ်းကောင်းမွန်သည့် ကစားသမားများဖြင့်   ဖွဲ့စည်းထားသော ယူ-၁၉ အသင်းနှင့်   ပဏာမမြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းတို့၏ ဒုတိယမြောက် ခြေစမ်းပွဲကို ယနေ့ ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပရာ ပဏာမ မြန်မာ့လက်ရွေးစင်  ယူ-၁၉ အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပဏာမ မြန်မာယူ-၁၉ အသင်းအတွက် ဂိုးများကို ပထမပိုင်း မိနစ် ၃၀ တွင် မိုးဆွေ၊  ဒုတိယပိုင်း မိနစ် ၅၀ တွင် ဥက္ကာနိုင်နှင့် ၇၆ မိနစ်တွင် သိန်းဇော်သီဟတို့က အသီးသီးဂိုးများ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ 

တိုင်းဒေသကြီးနှင့်ပြည်နယ်  ယူ-၁၉ အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ကျောနံပါတ်(၉) စောစီရဖိုးက ပထမပိုင်း ၄၅+၁ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ 

ပဏာမ မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်က ကျင်းပခဲ့သည့်  ပထမခြေစမ်းပွဲတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။