နောက်ဆုံး ၁၀ နှစ်အတွင်း ပြောင်းရွှေ့ကြေး အများဆုံး အသုံးပြုထားသည့် အသင်းစာရင်းတွင် မန်ယူအသင်း ထိပ်ဆုံးသို့ ရောက်ရှိလာ
မန်ယူအသင်းက လက်ရှိ ကစားသမားအပြောင်း အရွှေ့ကာလတွင် အေဂျက်အသင်း တောင်ပံကစား သမား အန်တိုနီကို မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ခေါ်ယူခဲ့ပြီးနောက် ကမ္ဘာ့ထိပ်တန်း ကလပ်အသင်းများတွင် နောက်ဆုံး ၁၀ နှစ်အတွင်း ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုထားသည့် အသင်းစာရင်းတွင် မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး မန်ယူအသင်းက ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
မန်ယူအသင်းအနေဖြင့် အန်တိုနီကို မခေါ်ယူမီက ကမ္ဘာ့ထိပ်တန်းကလပ် အသင်းကြီးများတွင် ပြောင်းရွှေ့ကြေး အသုံးစရိတ်အများဆုံး အသုံးပြုထားသည့် အသင်းများစာရင်းတွင် မန်ယူအသင်းနှင့်မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ယူရို ၉၈၅ သန်းဖြင့် ရပ်တည်နေသော်လည်း မန်ယူအသင်းက အန်တိုနီ ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၄ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် နောက်ဆုံး ၁၀ နှစ်အတွင်း ၎င်းတို့အသင်း၏ ပြောင်းရွှေ့ကြေး အသုံးစရိတ်မှာ ယူရို ၁ ဒသမ ၁ ဘီလီယံအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
မန်ယူအသင်းသည် နည်းပြ ဖာဂူဆန် လက်ထက်က အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သော်လည်း နည်းပြ ဖာဂူဆန်အနားယူပြီးနောက် ပြောင်းရွှေ့ကြေး အသုံးစရိတ် ၁ ဒသမ ၁ ဘီလီယံအထိ ရှိလာသော်လည်း ယူရိုပါလိဂ်ဖလားသာ အမြင့်ဆုံး ရရှိခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ နောက် ၁၀ နှစ်အတွင်း ပြောင်းရွှေ့ကြေး အများဆုံး အသုံးပြုထားသည့် အသင်းများအဖြစ် ပီအက်စ်ဂျီ အသင်းက ယူရို သန်း ၉၄၀ ဖြင့် အဆင့် (၃)၊ ဘာစီလိုနာအသင်းက ယူရို သန်း ၆၅၀ ဖြင့် အဆင့် (၄)၊ အာဆင်နယ်အသင်းက ယူရို ၅၈၃ သန်းဖြင့် အဆင့် (၅)၊ ဂျူဗင်တပ်စ်အသင်းက ယူရို သန်း ၅၆၀ ဖြင့် အဆင့်(၆)၊ အေစီမီလန်အသင်းက ယူရို ၄၃၂ သန်းဖြင့် အဆင့်(၇)၊ အဲဗာတန်အသင်းက ယူရို သန်း ၄၃၀ ဖြင့် အဆင့် (၈)၊ အက်စ်တွန်ဗီလာအသင်းက ယူရို ၄၂၄ သန်းဖြင့် အဆင့် (၉)နှင့် ချယ်လ်ဆီးအသင်းက ယူရို ၄၁၃ သန်းဖြင့် အဆင့်(၁၀) နေရာ၌ အသီးသီး ရပ်တည်နေကြောင်း သိရသည်။
Ref;CIES Football.com