နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် အထိမ်းအမှတ် အခါသမယတွင် ပေးပို့သည့်သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊

ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်

(Nationwide  Ceasefire  Agreement-NCA) လက်မှတ်ရေးထိုးခြင်း ()နှစ်မြောက် အထိမ်းအမှတ် အခါသမယတွင် ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်)

(၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်)

၁။        တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide  Ceasefire  Agreement-NCA)ကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုး ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ()နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကိုအခြေခံပြီး တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များကို ပြီးစီး အောင်မြင်သည်အထိ မပျက်မကွက် အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်ရန်   သန္နိဋ္ဌာန်ပြုခဲ့ကြသည့်အတိုင်း NCA လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးခရီးကို အတူတကွလျှောက်လှမ်းခဲ့ကြသည်မှာ ()နှစ် ပြည့်မြောက်ခဲ့ပြီဟု ဆိုနိုင်ပါသည်။

၂။         တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခါ သမယတွင် အခမ်းအနားများ ကျင်းပကြခြင်းမှာ ချုပ်ဆိုခဲ့သည့် စာချုပ်ပါသဘောတူညီချက် များကို ဆက်လက်ဖော်ဆောင်ရန် ထပ်လောင်း၍ကတိကဝတ်ပြုကြခြင်း ဖြစ်ပါသည်။ သက်ဆိုင်သူအားလုံးက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အကောင်အထည်ဖော်မှုအပေါ် ခိုင်မာသည့် ယုံကြည်ချက်ဖြင့် တစ်စိတ်တစ်ဝမ်းတည်း ရှေ့သို့ဆက်လက်လျှောက်လှမ်း နေသည်ကို သက်သေပြသခြင်းဖြစ်ပေသည်။  သို့သော်လည်း ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ယခင်နှစ်များနည်းတူ ကျင်းပနိုင်ခြင်းမရှိသဖြင့် ယခုကဲ့သို့ သဝဏ်လွှာ ပေးပို့လိုက်ရခြင်းပင် ဖြစ်ပါသည်။

၃။        ပြီးခဲ့သည့် ()နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ တွေ့ကြုံခဲ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို အစုအဖွဲ့များအကြား ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီး ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် သဘောတူညီချက်များ ရယူနိုင်ခဲ့ပြီဖြစ်ပါသည်။ ယနေ့အချိန်အခါ တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် ဘုံရည်မှန်းချက်သည် တိုင်းရင်းသားပြည်သူများအကြား ဝိဝါဒကွဲပြားစရာ မရှိတော့ဘဲ  တူညီသော ပြည်ထောင်စုအိပ်မက်တစ်ခုဖြစ်လာပြီး ယင်းအိပ်မက်ကို လက်တွေ့ကျကျ အတူတကွ ပုံဖော်ကြရန်အတွက် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်များလည်း ရရှိနိုင်ခဲ့ပြီဖြစ်ပါသည်။ အလားတူ နှစ်ပေါင်းများစွာ မိမိတို့အားလုံး မျှော်လင့်တောင့်တခဲ့ရသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံတူညီသောမျှော် မှန်းချက်များကိုလည်း သဘောတူညီနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဤသည်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုခဲ့သော  ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ် အပိုင်း()ပင် ဖြစ်ပါသည်။

၄။        တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးပြီးနောက် ()နှစ်တာ ကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးကို ()ကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း() ()နှင့်() တို့ သဘောတူညီလက်မှတ်ရေး ထိုးချုပ်ဆိုနိုင်ခဲ့ပါသည်။ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် စိတ်ရင်းစေတနာမှန်ဖြင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ပါဝင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ခဲ့မှုများကြောင့် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ၊ စတုတ္ထအစည်းအဝေးကို နေပြည်တော်တွင် အောင် မြင်စွာကျင်းပ နိုင်ခဲ့ပါသည်။ ယင်းညီလာခံတွင်ချုပ်ဆိုခဲ့သော ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း()သည် ၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိကျသောအကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်၊ လက်တွေ့ကျသည့်လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော်မှု အဆင့်များ၊ အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စု၏ မျှော်မှန်းချက်များ စသည်တို့ ပါဝင်သဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးကြီးလှသည့် ငြိမ်းချမ်းရေးမှတ်တိုင်တစ်ခုဟု ဆိုနိုင်ပါသည်။

၅။        ၂၀၂၀ အလွန် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်()ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

            (က)     ပထမလုပ်ငန်းစဉ်၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်()ရပ်ကို ဒွန်တွဲဖော်ဆောင်ခြင်း။ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူညီချက်များ ရရှိလာစေရန်နှင့် နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်ရှိလာအောင် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့ ဆွေးနွေးညှိနှိုင်းမှုများနှင့် တစ်ပြိုင်နက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်ခိုင်မာစေရန် ဆွေးနွေးညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ပြည်ထောင်စုသဘောတူ စာချုပ်ပါ အခြေခံမူများနှင့်အညီ တိုင်းရင်းသားအခွင့်အရေးများ မြှင့်တင်ပေးနိုင်ရန်နှင့် ဖက်ဒရယ်ကို ဦးတည်သွားမည့် ကတိကဝတ်များ၏ရှေ့ပြေးအဖြစ် ဥပဒေရေးရာပြောင်းလဲမှုများ ဟန်ချက်ညီရန်နှင့် အုပ်ချုပ်ရေးဘက်မှ ဆောင်ရွက်ချက်များသည်လည်း တန်းတူရေးကို ရှေးရှုရန် အတွက်ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

            (        )           ဒုတိယလုပ်ငန်းစဉ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး လုပ်ငန်းစဉ်()ရပ်ကို ပူးတွဲဖော်ဆောင်ခြင်း။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း() အပိုင်း()ဖြစ်သည့် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများမှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် အချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး အားလုံးသဘောတူလက်ခံသည့် ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံ ဥပဒေဖော်ပြချက်ကို ရှာဖွေသွားမည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ၂၀၂၀ အလွန် အဆင့် လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုဆိုင်ရာ ဇယား()နှင့်အညီ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို  လက်တွေ့ကျကျ ပြင်ဆင်မည် ဖြစ်ပါသည်။ ယင်းနောက် သဘောတူခဲ့ပြီး ဖြစ်သည့် ၂၀၂၀ အလွန် အဆင့် လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုဆိုင်ရာ ဇယား() အသေးစိတ်ခေါင်းစဉ်အကြောင်းအရာ များပါဝင်လာမည့် ဇယား()ကိုရရှိရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖော်ဆောင်ရာတွင် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းမှုများကို ဟန်ချက်ညီအကောင်အထည်ဖော်နိုင်မည့် အစီအစဉ်၊ အကောင်အထည်ဖော်မှု ယန္တရားနှင့် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေးကို   အကျေအလည်ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်ပါသည်။

            (        )           တတိယလုပ်ငန်းစဉ်၊ ပထမလုပ်ငန်းစဉ်နှင့်ဒုတိယလုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော သဘောတူညီချက်များကို အခြေခံ၍  ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခြင်း။  လမ်းညွှန် အခြေခံမူများကို အခြေခံပြီး အဆင့်လိုက်လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းကြရာတွင်  အားလုံးသဘောတူ လက်ခံသည့်နိုင်ငံရေးမူ တစ်ရပ်ပေါ်ထွက်လာပါမည်။ နိုင်ငံရေးအရ သဘောတူညီချက်ကို လုပ်ငန်းကော်မတီအဆင့်တွင် တတ်သိပညာရှင်များပါဝင်စေပြီး NCA ပါ လမ်းပြမြေပုံနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့်အတူ ပြည်နယ်ကိုယ်ပိုင် အခြေခံဥပဒေရေး ဆွဲခွင့်ကို မည်သည့်လမ်းကြောင်းဖြင့် ဆောင်ရွက်မည်၊ လုံခြုံရေးဆိုင်ရာ  ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်ကို ဟန်ချက်ညီအောင် မည်သို့ဆောင်ရွက်မည် စသည်တို့အတွက် စနစ်တကျအစီအစဉ်များ ညှိနှိုင်းချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ပါသည်။

၆။        အထက်ပါ ၂၀၂၀ အလွန် ရှေ့ဆက်လက်ဆောင်ရွက်မည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ()ရပ်ကို ထိရောက်စွာဟန်ချက်ညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်” ကိုလည်း အစုအဖွဲ့အသီးသီး၏ ပြန်လည်သုံးသပ်ချက်၊ လုပ်ငန်းစဉ်များတွင် ပါဝင်သူများ၏ အကြံပြုချက်၊ လက်ရှိဖော်ဆောင်မှု အစီအစဉ်အပေါ် လေ့လာသုံးသပ်ချက်များကို အခြေခံပြီး ၂၀၂၀ အလွန်ကာလတွင် အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယင်းအစီအစဉ်သစ်သည် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း()ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်၊   NCA   လမ်းကြောင်းအတိုင်း UPDJC နှင့် JMC ယန္တရားများပိုမိုခိုင်မာအောင် အထောက်အကူပေးနိုင်ရန်၊ ဆွေးနွေးညှိနှိုင်းမှု အဆင့်ဆင့်တွင် ပါဝင်သည့်အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များကို  ပညာရပ်ဆိုင်ရာအထောက်အကူပြု ပေးနိုင်ရန်နှင့် နိုင်ငံရေးပြဿနာများကို  လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် ရွေးချယ်စရာနည်းလမ်းများ ရှာဖွေဖော်ထုတ်ပေးနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၇။        တိုင်းရင်းသားမျိုးနွယ်စု၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရသည့် မြန်မာနိုင်ငံတွင် မတူကွဲပြားမှုတွေကို အသိအမှတ်ပြုပြီး ပေါင်းစည်းအင်အားအဖြစ် စုစည်းနိုင်ရန်မှာ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးပင် ဖြစ်ကြောင်း ရှုမြင်နိုင်ပါသည်။

နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်သည်အထိ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး၊ ပါဝင်ပတ်သက်သူများအကြား ရင်ကြားစေ့နိုင်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တလျက်ရှိသော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  လက်ရှိရင်ဆိုင် ဖြေရှင်းနေရသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအောင်မြင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ဘေးကင်းလုံခြုံအောင်မြင်စွာကျင်းပနိုင်ရေး၊ ၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ် အောင်မြင်ရေးတို့အတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သန္နိဋ္ဌာန် ပြုလျက်သဝဏ်လွှာပေးပို့ အပ်ပါသည်။