ဘောလုံးပြိုင်ပွဲများ ကျင်းပရန် ခွင့်ပြုချက် မရသေးသဖြင့် ရခိုင် ယူနိုက်တက်အသင်း လေ့ကျင့်မှု ပြန်လည်ရပ်နား

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများကျင်းရန် ခွင့်ပြုချက် မရသေးသဖြင့် မြန်မာနေရှင်နယ်လိဂ် ကလပ် ရခိုင်ယူနိုက်တက်အသင်းသည် လေ့ကျင့်မှုပြန်လည် ရပ်နားထားကြောင်း အဆိုပါ အသင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ဇူလိုင်လဆန်းပိုင်းမှ စ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သော်လည်း ပြိုင်ပွဲကျင်းပမည့်ရက် အတိအကျ မထုတ်ပြန်နိုင်၍ သြဂုတ်ပထမပတ်က လေ့ကျင့်မှု ပြန်လည်ရပ်နားခဲ့သည်။

''မြန်မာနေရှင်နယ်လိဂ်က ဘယ်ရက်ကျင်းပမယ်ဆိုတာ မသိသေးတဲ့အတွက် လေ့ကျင့်မှု ရပ်နား ထားပါတယ်။ ကစားသမားတွေကို ကိုယ်ပိုင်လေ့ကျင့်မှုလုပ်ဖို့ မှာထားပါတယ် ကြံ့ခိုင်မှုပိုင်းကို ဦးစား ပေးလေ့ကျင့်ခိုင်းထားပါတယ်။ လေ့ကျင့်မှု ဘယ်ရက်ပြန်စမယ်ဆိုတာ ပြောရခက်ပါတယ်။ မြန်မာနေ ရှင်နယ်လိဂ်ကျင်းပမယ့်ရက် အတိအကျထုတ်ပြန်တာနဲ့ လေ့ကျင့်မှုပြန်စမှာပါ'' ဟု ၎င်းကပြောသည်။

မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပသည့် ဘောလုံးပြိုင်ပွဲကို မတ်လ တတိယပတ်က စတင် ရပ်နားထားပြီး ပြန်လည်ကျင်းပရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံ တင်ပြထားသော် လည်းသြဂုတ်ပထမပတ်အထိ ခွင့်ပြုချက်မရသေးကြောင်း သိရသည်။