မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ - ၅
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုး သမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ အသင်းလိုက်ဆုရရှိကြသူများ၊ တစ်ဦး ချင်းဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိကြသော အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုဆုနှင့် ဒိုင်းဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်(အမျိုးသား၊ အမျိုးသမီး) အသင်း ၉ သင်းစီဖြင့် ဩဂုတ် ၂၉ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။