တောင်ကြီးမြို့ရှိ  PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် နောင်မွန် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံ

တောင်ကြီးမြို့ရှိ  PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် နောင်မွန် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ - ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ PNO အသွင်းပြောင်း ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် နောင်မွန်ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့ နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ  တိုင်းမှူးက အမှာစကားပြောကြားသည်။  တို့နောက် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။