တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၅

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့ရှိ သာသနာ့အလင်းရောင်ကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ (၇)မိုင်ဘုန်းတော်ကြီးကျောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံးတုံးကျေးရွာရှိ ရန်ကြီးအောင်ဘုန်းတော်ကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ သီရိဓမ္မာရုံကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ ကံသာယာကျေးရွာရှိ ဇောတိကာရုံကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ မင်္ဂလွန်းကျေးရွာရှိ ရတနာမာန်အောင်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဇေတဝန်ကျောင်းတိုက်၊ ကျိုက်လတ်မြို့၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ရန်ခေါ်ဘုန်းတော်ကြီးကျောင်း၊ မင်းပြားမြို့နယ်၊ ဘူးပင်တပ်ဦးဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့၊ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မိတ္ထီလာကျောင်း၊ ပြည်ကြီးတံခွန်မြို့ နယ်၊ ရွှေမြင့်မိုရ်ဘုန်းတော်ကြီးကျောင်း၊ ဓမ္မဂုဏ်ရည်မြင့်မြင့်ခင်သီလရှင်စာသင်တိုက်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ပြည်လုံးချမ်းသာမိဘမဲ့ဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာရှိ မင်္ဂလာတောရဘုန်းတော်ကြီးကျောင်း တို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဉပုသ်တော် ရပ်ကွက်ရှိ မန္တလေးတောင်ခြေဘိုးဘွားရိပ်သာနှင့် ကျောက်ဆည်မြို့နယ်၊ ရွှေစေတီ ဘိုးဘွားရိပ်သာတို့မှ အဘိုး၊ အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေး တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။