နေပြည်တော် အောက်တိုဘာ ၁၄
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက် ည ၇ နာရီခန့်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင် ပင်ကြီးစု ကျေးရွာ သပြေ လမ်းရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး၏ နေအိမ်ခြံဝင်းအတွင်း၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ နေအိမ်ခြံဝင်းအတွင်း၌ ဇနီးဖြစ်သူ ဒေါ်မော်မော်လွင်စိုး (၅၂)နှစ်အား ဦးခေါင်းပေါက်ပြဲ/ပြတ်ရှဒဏ်ရာများဖြင့် လဲကျသေ ဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ၎င်းကိုင်ဆောင်သည့် Samsun ဖုန်းတစ်လုံး (စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၁၆၀ ခန့်)တို့ ပျောက် ဆုံးနေသည်ကိုတွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေး၍ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက် ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် နေပြည်တော်ရဲတပ်ဖွဲ့ဝင်များက တရားခံဖော်ထုတ်နိုင်ရေး စုံစမ်းထောက်လှမ်းနေချိန်အောက်တိုဘာ ၁၃ ရက်တွင် တရားခံဟု ယူဆရသူသည် သပြေကုန်းဈေး အတွင်းရှိ ရွှေဆိုင်တစ်ဆိုင်သို့ ရွှေဆွဲကြိုးလာရောက် ပေါင်နှံရာ ရွှေဝယ်ဘောက်ချာ မပါရှိသဖြင့် ဆိုင်မှ လက်မခံသောကြောင့် ဆိုင်ကယ်ဖြင့်ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့ပြီး ရဲတပ်ဖွဲ့ ဝင်များက CCTV မှတ်တမ်းများအရ စီးနင်းလာသည့် ဆိုင်ကယ်နံပါတ်နှင့် လူပုံသဏ္ဌာန်အား စိစစ်ရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၄ ရက်တွင် ယင်းနံပါတ်ပါ ဆိုင်ကယ်၏ သွားလာလှုပ်ရှားမှုကို စောင့် ကြည့်နေစဉ် အဆိုပါ မသင်္ကာတရားခံသည်မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်သို့ ရွှေဆွဲကြိုး တစ်ကုံးအား ထပ်မံလာရောက်ရောင်းချသည်ကို တွေ့ရှိရ၍ ဥပဒေနှင့်အညီ ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းမှာ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ ကြည်ရှိန် ၄၆ နှစ်(ဘ) ဦးသန်းရှိန်ဖြစ်ပြီး ၎င်း ရောင်းချသည့် ရွှေဆွဲကြိုးမှာ ပုဗ္ဗသီရိမြို့နယ် သပြေလမ်းနေ ဒေါ်မော်မော်လွင်စိုးအား သတ်၍ နေအိမ်မှခိုးယူသွားသည့် ရွှေထည်ပစ္စည်းဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့သည်။
တရားခံကြည်ရှိန်၏ ကနဦးအစစ်ခံချက်အရ စက်တင်ဘာ ၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် နေအိမ်မှ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာခဲ့ပြီး ညောင်ပင်ကြီးစုကျေးရွာရှိကျိုက်ထီးရိုးလေး ဘုန်းကြီး ကျောင်းရှေ့တွင် ဆိုင်ကယ်အားရပ်ကာ လမ်းလျှောက်ထွက်ခွာခဲ့ပြီး ည ၆ နာရီခွဲခန့်တွင် ပစ္စည်းများ ခိုးယူရန် အခင်းဖြစ်ရာ နေအိမ်ခြံဝင်းအတွင်းသို့ အုတ်တံတိုင်းခြံစည်းရိုးအားကျော်၍ ဝင်ရောက်ခဲ့ ကြောင်း၊ နေအိမ်အတွင်းသို့ နောက်ဖေးမီးဖိုချောင်အပေါက်မှ ဝင်ရောက်ကာ မီးဖိုချောင်အတွင်းရှိ ဓားတစ်ချောင်းအား ယူဆောင်၍ နေအိမ်အိပ်ခန်းအတွင်းသို့ ဝင်ရောက်စဉ် အိမ်ရှင်ဒေါ်မော်မော် လွင်စိုးနှင့် တွေ့ဆုံခဲ့ရာ ဒေါ်မော်မော်လွင်စိုးမှာ နေအိမ်ရှေ့ပေါက်မှ အပြင်ခြံဝင်း အတွင်းသို့ ထွက်ပြေး သွားခဲ့၍ နောက်မှလိုက်ကာ ဓားဖြင့်ထိုးစဉ် လဲကျသွား၍ အနီးရှိ တုတ်/အုတ်ခဲဖြင့် ထပ်မံ ထုရိုက်ရာ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းနောက် နေအိမ်အတွင်းသို့ ထပ်မံဝင်ရောက်ပြီး သော့တန်း လန်းဖြစ်နေသော မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများနှင့် စားပွဲပေါ်ရှိ ဖုန်းတို့အားယူဆောင် ကာ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ယင်းရပ်ကွက်အနေဖြင့် လူနေကျဲပြီး လူသွား လူလာပြတ်လပ် ကြောင်း၊ ၎င်းနေအိမ်တွင် မိသားစုနည်းပြီး တစ်ခါတစ်ရံ အမျိုးသမီးတစ်ဦးတည်းရှိကြောင်းသိရှိပြီး ခိုးယူရန်အကြံဖြင့် ယခင်ရက်ကတည်းက ၎င်းအိမ်အခြေအနေအား ကြိုတင်လေ့လာ ပြင်ဆင် ခိုးယူ/လူသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရဲပြန်ကြား