သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း
ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း
၁။ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သိပ္ပံဘွဲ့(သစ်တောပညာ) B.Sc Forestry ၊ (၅) နှစ်သင်တန်းသို့ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ လျှောက်ထားနိုင်သည်။
၂။ အမျိုးသားဦးရေ (၆၄) ဦးနှင့် အမျိုးသမီးဦးရေ (၁၆) ဦး၊ စုစုပေါင်း (၈၀) ဦး လက်ခံမည်။
၃။ လျှောက်ထားသူသည်-
(က)တက္ကသိုလ်ဝင်ခွင့် လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် စုစုပေါင်း ရမှတ်(၃၆၀)မှတ်နှင့် အထက်ရရှိသူ ဖြစ်ရမည်။
(ဂ) တက္ကသိုလ်ဝင်ခွင့်ရရှိပါက သက်ဆိုင်ရာ ဘာသာရပ်များနှင့် ပတ်သက်၍ လက်တွေ့ ကွင်းဆင်းလေ့လာခြင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့် ပဏာမရွေး ချယ်ခံရသူများ အနေဖြင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းတွင် မိုင်(၂၀) လမ်းလျှောက်စွမ်းရည် စစ်ဆေးခြင်း ခံယူရမည်။
၄။ ဝင်ခွင့်လျှောက်လွှာကို မိမိအစီအစဉ်ဖြင့် (A-4 Siz) စာရွက်တွင် ကွန်ပျူတာစာစီ ရိုက်နှိပ်ပြီး လျှောက်ထားနိုင်ပါသည်။
၅။ ဝင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်-
(က) တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်(မိတ္တူ) (ကျောင်းအပ်နှံချိန်တွင် မူရင်း တင်ပြရမည်။)
(ခ) ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် အမှတ်စာရင်း(မိတ္တူ) (ကျောင်းအပ်နှံချိန်တွင် မူရင်း တင်ပြရမည်။)
(ဂ) ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်း သို့မဟုတ် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (မူရင်း)
(ဃ)လျှောက်ထားသူ၏ နိုင်ငံသား စိစစ်ရေးကတ်(မိတ္တူ)နှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသား စိစစ်ရေးကတ်(မိတ္တူ)
(င) လိုင်စင်ဓာတ်ပုံ (၄) ပုံ
(စ) သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ဆေးရုံတို့မှ ကျန်းမာကြောင်း ဆေးစစ်ချက်(မူရင်း)နှင့် မျက်စိအရောင် ခွဲခြားနိုင်ခြင်း(Colour Blind)ဆေးစစ်ချက်(မူရင်း)
၆။ လျှောက်လွှာကို အမှတ်စဉ်(၅)ပါ အထောက်အထားများနှင့်အတူ ၁၁-၁၀-၂၀၂၂ ရက်(အင်္ဂါနေ့) နောက်ဆုံးထား၍ သင်တန်းရေးရာဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။
၇။ အချက်အလက်များ မှန်ကန်မှုမရှိပါက ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။
၈။ ပဏာမရွေးချယ်ခံရသူများ စာရင်းနှင့် ကျောင်းဖွင့်မည့်အချိန်ကို ထပ်မံအသိပေး ကြေညာမည် ဖြစ်သည်။
၉။ အကယ်၍ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က ကြေညာသတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။
၁၀။ အသေးစိတ်စုံစမ်း မေးမြန်းလိုပါက ဖုန်း-၀၆၇-၃၄၁၆၅၁၉ သို့မဟုတ် E.mailလိပ်စာ ufes.registrar@gmail.comသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။