နေပြည်တော် အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊၃၅ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ လင်းလဲ့ဖြူ ဆံပင်နှင့်အလှပြုပြင်ရေးဆိုင် ခန်း၌ အောက်တိုဘာ ၁၃ ရက် ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် လျှပ်စစ်ခုံအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ ရေသယ်ယာဉ်ငါးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ဆံပင်နှင့် အလှပြုပြင်ရေး ဆိုင်ခန်းပိုင်ရှင်အပါအဝင် အမျိုးသမီးငါးဦး မီးလောင် ဒဏ်ရာများရရှိ၍ သေဆုံးခဲ့ပြီး အလျား ၁၂ ပေ၊ အနံ ၁၀ ပေရှိ RC နှစ်ထပ်တိုက်တစ်လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)