နေပြည်တော်နည်းပညာ တက္ကသိုလ်သို့ ဝင်ခွင့်ခေါ်ယူရေး ကြေညာချက်

နေပြည်တော်နည်းပညာ တက္ကသိုလ်သို့ ဝင်ခွင့်ခေါ်ယူရေး ကြေညာချက်

၁။ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊  အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနအောက်တွင် နေပြည်တော်နည်းပညာ တက္ကသိုလ်ကို  ဖွင့်လှစ်မည်ဖြစ်ပြီး မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်းနစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ ကွန်ပျူတာ အင်ဂျင်နီယာနှင့် သတင်းအချက်အလက် နည်းပညာနှင့် ဗိသုကာ ဘာသာရပ်ဆိုင်ရာ ဘွဲ့သင်တန်းများကို သင်ကြား ပို့ချမည်ဖြစ်ပါသည်။

၂။ အဆိုပါသင်တန်းများကို ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို အောင်မြင်သူများမှ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ ပါဝင်သော မည်သည့် ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ သတ်မှတ်ချက် ကိုက်ညီပါက  လျှောက်ထားနိုင်ပြီး ရမှတ်(အများ/အနည်း) ပေါ်မူတည်၍ ရွေးချယ် တက်ရောက် ခွင့်ပြုမည်ဖြစ်ပါသည်။

၃။ နေပြည်တော်နည်းပညာ တက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားရာတွင်  တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်ရေးအဖွဲ့မှ ထုတ်ဝေပေးသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ စာအိတ်ပါ လျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်။

၄။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စာအိတ်ပေးပို့ပြီးသူများသည် နေပြည်တော် နည်းပညာ တက္ကသိုလ်သို့ ဝင်ခွင့်ပြောင်းလဲ လျှောက်ထားလိုပါက အောက်ဖော်ပြပါ လျှောက်လွှာပုံစံဖြင့် ပြန်လည် လျှောက်ထားနိုင်ပါသည်။ ဝင်ခွင့်ပြောင်းလဲ လျှောက်ထားခွင့် လျှောက်လွှာပုံစံအား သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ Website: www.dast.edu.mm တွင် ရယူနိုင်ပါသည်။

၅။ အသေးစိတ်သိရှိလိုပါက အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန၊ ကျောင်းသားရေးရာ ဌာန၊ ၀၆၇-၃၄၀၄၅၇၀၊ ၀၆၇-၃၄၀၄၆၅၂၊ ၀၆၇-၃၄၀၄၆၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။