ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၈၈၈ ဦးထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၁၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါ ပိုးတွေ့လူနာ ၈၈၈ ဦးနှင့် သေဆုံးသူ ၃၉ ဦးထပ်တိုးကြောင်း သိရသည်။

(၁၃-၁၀-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၁၂၃ ဦး၏      မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေကို ယနေ့ည ၆ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁၃-၁၀-၂၀၂၀)ရက် ည ၈ နာရီမှ (၁၄-၁၀-၂၀၂၀) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၉၆၅၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၈၈၈ ဦးတွေ့ရှိရ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

၅၀၀