မွန်ပြည်နယ်၊ ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်

မွန်ပြည်နယ်၊ ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ - ၇

မွန်ပြည်နယ်၊ ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များ၊ မြို့မိမြို့ဖများ၊ ပြည်နယ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဉက္ကဋ္ဌက ပြိုင်ပွဲကျင်းပခဲ့မှုအခြေအနေများ ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲ တွင်ဆုရရှိကြသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများ၏ ဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့သည့် ပြိုင်ပွဲဝင်ဆုရရှိကြ သူများအား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ဗဟိုအဆင့်သို့ ဆက်လက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲ ဝင်အသင်းခေါင်းဆောင်အား အောင်နိုင်ရေးအလံပေးအပ်သည်။

အဆိုပါ ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။