ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ခုန်၊ ပစ် ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ခုန်၊ ပစ် ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၈

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး)ပြေး၊ခုန်၊ပစ် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အား ကစားကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြေး၊ခုန်၊ပစ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ် ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီးအသင်း ၈ သင်းစီဖြင့် စက်တင်ဘာ ၁၂ ရက် အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲဖွင့်ပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသား စု ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ နှင့်အတူ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။