အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(ရန်ကုန်)တွင် နေထိုင်ခွင့်ရရှိသူများအား အဋ္ဌမ အကြိမ် နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့်လက်မှတ်များ ပေးအပ်
နေပြည်တော်၊ စက်တင်ဘာ - ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာ(ရန်ကုန်)၌ နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား အဋ္ဌမအကြိမ် အိမ်ရာနေရာချထားပေးခြင်းနှင့် နေအိမ်တိုက်ခန်းသော့နှင့် နေထိုင်ခွင့်လက်မှတ် လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အိမ်ရာ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူ များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့် တာဝန်ရှိသူများက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ယာ(ရန်ကုန်)တွင် နေထိုင်ကြ မည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အိမ်ရာနေထိုင်ခွင့်လက် မှတ်နှင့် တိုက်ခန်းသော့များကို လွှဲပြောင်းပေးအပ်သည်။
၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။