ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၉
ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ သီရိမင်္ဂလာဘုံမြင့်စာသင်တိုက် ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ရန်အောင်မြင်ကျောင်းတိုက် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ဝိဝေကကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သမ္မိဒ္ဓေါဒယကျောင်းတိုက် ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ အရှေ့ကံ့ကော်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အရိယာမဂ္ဂင်ကျောင်းတိုက်၊ လှိုင်သာယာမြို့နယ်ရှိ အောင်ဇေယျာမင်း ကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ သုစိတ္တာလင်္ကာရစာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ဇောတိကာရာမကျောင်းတိုက်၊ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်ရှိ မဟာဝိသုတာရာမကျောင်းတိုက် ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်ရှိ စည်သာကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ အရှေ့ခင်မကန်ကျောင်းတိုက် ၊ ရန်ကုန် တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက် ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဇေတဝန်မြို့ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ မြောင်းမြ ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။