ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး အမျိုးသမီးသင်တန်းသူများအလိုရှိသည်
၁။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
(ခ) လျှောက်ထားသူသည် ၅-၁၂-၂၀၂၂ ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်ပြီး ၁၉ နှစ်ထက်မကြီးရ။
(ဂ)တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။
(ဃ)မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။
(င) အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁၀၀)နှင့် အထက်ရှိရမည်။
(အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)
၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www.myawady.net.mm/Sgt(female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ၂၃-၈-၂၀၂၂ ရက်နေ့မှ ၂၃-၉-၂၀၂၂ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-
(က)နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။
(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့် နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။
(ဃ)တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ (၃) ပုံ။
(င) အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)(မိတ္တူ)။
(စ) မိဘ/အုပ်ထိန်းသူ၏သဘောတူညီကြောင်း ထောက်ခံချက်။
၃။ သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား စစ်ရေးချုပ်ရုံး၊ စိစစ်ရွေးချယ်ရေး ဘုတ်အဖွဲ့မှ ပဏာမရွေးချယ်ပါမည်။ ပဏာမရွေးချယ် ခံရသူများအား တိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့် လေ့ကျင့်ပေးမည့် သင်တန်းကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။
၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ အခြေခံ ရုံးလုပ်ငန်းစည်းမျဉ်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြား လေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာ ဒီပလိုမာ Dip.C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။
၅။ သင်တန်းကာလ ၂ နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် တပ်သားသစ်လစာ (၁၄၄၀၀၀)ကျပ်ကို လည်းကောင်း၊ ခြေလျင်တပ်သားသစ် သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ တပ်သားအခြေခံလစာ (၁၅၀၀၀၀)ကျပ်ကို လည်းကောင်း ရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) အခြေခံလစာ(၂၀၄၀၀၀)ကျပ်၊ အရည်အချင်းလစာ(၄၀၀၀)ကျပ်၊ M.H.R.A (၁၀၀၀၀)ကျပ်၊ စုစုပေါင်း(၂၁၈၀၀၀)ကျပ် ရရှိမည်။
၆။ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) အဆင့်/အတန်းတိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့်/အတန်းတိုးမြှင့်ရေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ စာမေးပွဲအောင်မြင်ပါက အောက်ဖော်ပြပါ အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ လစာ၊ စရိတ်များရရှိမည်-
အဆင့်အတန်း အခြေခံ အရည်အချင်း M.H.R.A ပေါင်း
လစာ လစာ
(က)တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ဒုတိယတန်း) ၂၀၄၀၀၀ ၆၀၀၀ ၁၀၀၀၀ ၂၂၀၀၀၀
(ခ) တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ)(ပထမတန်း) ၂၀၄၀၀၀ ၈၀၀၀ ၁၀၀၀၀ ၂၂၂၀၀၀
(ဂ) ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ) ၂၄၀၀၀၀ ၈၀၀၀ ၁၀၀၀၀ ၂၅၈၀၀၀
(ဃ) အရာခံဗိုလ် (စာရေး/ကွန်ပျူတာ) ၂၅၈၀၀၀ ၈၀၀၀ ၁၀၀၀၀ ၂၇၆၀၀၀
မှတ်ချက်။ နှစ်တိုးလစာကို ၂ နှစ်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် (၁၀၀၀၀)ကျပ်အထိ ခံစားခွင့်ရှိသည်။
၇။ တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် ဆက်လက်ဖြေဆိုနိုင်သည်။
မှတ်ချက်။ အသေးစိတ် သိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။