၂၀၂၂ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၂ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းအား အောင်နိုင်ရေးအလံပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၄

၂၀၂၂ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ နယ်မြေခံ သင်တန်းကျောင်း၊ ရေဆင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိ သူများ၊ တပ်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့မှူးများနှင့် ပြိုပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် တိုင်းမှူးက အမှာစကားပြောကြားပြီး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ၎င်းနောက် တိုင်းမှူးက တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး နေ့လည်စာအတူတကွသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။