သိန်းနီ-ကွတ်ခိုင်သွားပြည်ထောင်စု လမ်းမကြီးပေါ်၌ လက်နက်၊ခဲယမ်းများ သယ်ဆောင် လာသူ တစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ၊  အောက်တိုဘာ - ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့၏ မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာ သိန်းနီ-ကွတ်ခိုင်သွားပြည်ထောင်စု လမ်းမကြီးပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် အောက်တို ဘာ ၁၄ ရက်ည ၇ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ဘက်မှ သိန်းနီမြို့ဘက်သို့ မောင်းနှင်လာ သော CROWN အမျိုးအစား မော်တော်ယာဉ်အမှတ် ၊MDY/3I --------- အား ရပ်တန့် စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ လီစီချီ(ဘ)ဦးရင်အိုက်ကို ယာဉ်ပေါ်မှ Type-81 သေနတ် ၂ လက်၊ အမ်-၂၂ သေနတ် ၁ လက်၊ ၉ မမပစ္စတိုသေနတ် ၃ လက်၊ ဘရောင်နင်သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၁၉ ခု၊ ကျည်မျိုးစုံ ၂၄၉၀ တောင့်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူအား သိန်းနီမြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။