အကြမ်းဖက်အဖွဲ့ NUG ၏ လားရာ

အကြမ်းဖက်အဖွဲ့ NUG ၏ လားရာ

NUGအဖွဲ့ဆိုတာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရက တည်ဆဲဥပဒေများအရ   အကြမ်းဖက် အဖွဲ့အစည်းအဖြစ်  သတ်မှတ်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ NUGအဖွဲ့ကို ဘာဖြစ်လို့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရလဲဆိုရင် သူတို့ရဲ့လုပ်ရပ်တွေက သူတို့ချမှတ်ထားတဲ့ အကြမ်းဖက် လမ်းစဉ်အရ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေလို့ဖြစ်ပါတယ်။ အဖြေကရှင်းရှင်းလေးပါပဲ။

“ ငါနဲ့မတူ၊ ငါ့ရန်သူ” အယူအဆနဲ့NUGအဖွဲ့က Hit List  အဖြစ် သတ်မှတ်ပေးထားတဲ့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူတွေကို PDF အမည်ခံ  လက်မရွံ့လူသတ်သမားတွေက  တချို့မြို့ရွာတွေမှာ  လုပ်ကြံသတ်ဖြတ်မှုတွေလုပ်နေကြတာ မြင်တွေ့ကြားသိကြမှာဖြစ်ပါတယ်။ဒီလိုလုပ်ရခြင်းရဲ့အဓိက အကြောင်းရင်းက     ပြည်သူလူထုကို  အကြောက်တရားနဲ့ ထိန်းချုပ်ပြီး သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို    အကြမ်းဖက် နည်းလမ်း၊ လက်နက်ကိုင် လမ်းစဉ်နဲ့ရအောင် လုပ်နေတဲ့ NUG  အဖွဲ့ရဲ့ အစီအစဉ်ကြောင့်ဖြစ်ပါတယ်။

လတ်တလောနိုင်ငံရေး အခြေအနေတွေ ဖြစ်ပေါ်ရတဲ့ အခြေခံ အကြောင်းတရားက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှုကြောင့်ဖြစ်ပါတယ်။ မဲလိမ်မဲခိုးတဲ့  NLD ပါတီဟာ သူတို့ရဲ့ မဲမသမာမှုတွေကို ဥပဒေအရ    ရင်ဆိုင်ဖြေရှင်းခြင်း မပြုလုပ်ဘဲ အစွန်းရောက်  NLD ပါတီဝင်တွေ၊ NLD ထောက်ခံသူတွေနဲ့ NUG အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင် လမ်းစဉ်နဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နောက်ကွယ်က ကြိုးကိုင်သူတွေရဲ့အစီအမံအရ  နွေဦးတော်လှန်ရေး ခေါင်းစဉ်တပ်ပြီး  အလုံးစုံ ပျက်သုဉ်းရေး မူဝါဒကို ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။

NUG အဖွဲ့ရဲ့ အလုံးစုံပျက်သုဉ်းရေးမူအရ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဆန်းစစ်ကြည့်လိုက်ရင်-

-  နိုင်ငံရေး နားမလည်တဲ့ လူငယ်တွေကို အသုံးချပြီး    လက်နက်ကိုင်လမ်းစဉ် ဖော်ဆောင်ဖို့   လူငယ်လူရွယ်တွေကို တောထဲပို့ပြီး PDF ဖွဲ့စည်း တည်ထောင်ခြင်း၊ - သူတို့ကိုမထောက်ခံသူ  အရပ်သားပြည်သူတွေကို  ဒလန်ခေါင်းစဉ် တပ်ပြီး နေ့စဉ်လုပ်ကြံ သတ်ဖြတ်ခြင်း၊

- သူတို့ကို မထောက်ခံတဲ့ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊

-   Social Punishment လို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်းခြောက် သတ်ဖြတ်ခြင်း၊

-  နိုင်ငံရဲ့ အနာဂတ်ပျက်စီးအောင် ပညာရေးကဏ္ဍကို  တိုက်ခိုက်ဖျက်ဆီးဖို့ အတွက် စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ဆရာ/ဆရာမတွေကို ခြိမ်းခြောက် သတ်ဖြတ်ခြင်း၊

-  စစ်ရာဇဝတ်မှုအဖြစ်  သတ်မှတ်ထားတဲ့ ကျန်းမာရေး ကဏ္ဍကို အကြမ်းဖက် တိုက်ခိုက်တဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေး လုပ်ငန်းများကို တိုက်ခိုက်ခြင်း၊ လူနာတင်ယာဉ်များကို ဗုံးခွဲတိုက်ခိုက်ခြင်း၊

-   အချို့ AOs တွေနဲ့ ပူးပေါင်းပြီး တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပျက်ပြားအောင် လုပ်ဆောင်ခြင်း၊

-    နွေဦးတော်လှန်ရေး ခေါင်းစဉ်နဲ့ အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ဖို့ လက်နက်၊ ခဲယမ်းတွေ တရားမဝင် ဝယ်ယူနိုင်ရေး Project အမျိုးမျိုးပြကာ အလှူငွေကောက်ခံခြင်း၊

-   သတင်းအတု၊   သတင်းအမှားများ ဖန်တီးပြီး တပ်မတော်ဖြိုခွဲရေးနဲ့ ပြည်သူလူထုအတွင်း  စိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်အောင် လုပ်ဆောင်နေခြင်းတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။

အထက်ပါလုပ်ရပ်များဟာ NUG အဖွဲ့ရဲ့ စီစဉ်ကြိုးကိုင်၊ အားပေး၊ ထောက်ပံ့မှုတွေနဲ့ မြေပေါ်မြေအောက် အကြမ်းဖက်သမားတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက် လုပ်ရပ်များဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အလစ်အငိုက်ရယူပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

CRPH/NUG/PDF  အမည်ခံ အကြမ်းဖက်သမားများ အနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ  ၁  ရက်နေ့မှ ၂၀၂၂ ခုနှစ် သြဂုတ်လ  ၃၁  ရက်နေ့အထိ   မြန်မာနိုင်ငံ တစ်ဝန်းလုံးက အများပြည်သူနှင့် သက်ဆိုင်သောနေရာတွေမှာ  အကြမ်းဖက်၊  ဗုံးခွဲ၊ မီးရှို့မှုပေါင်း ၉၄၇၉  ကြိမ် ကျူးလွန်ခဲ့ကြပါတယ်။ အရပ်သားသေဆုံးမှု ၃၅၄၂ ဦး၊  လုံခြုံရေးတပ်ဖွဲ့ဝင် သေဆုံးမှု   ၅၁၉   ဦး၊ စုစုပေါင်းသေဆုံးသူ  ၄၀၆၁ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုပေါင်း ၄၁၂၁ မှု ရှိခဲ့ပါတယ်။အကြမ်းဖက်သမားများရဲ့  မီးရှို့ဖျက်ဆီးခံရသည့် စာသင်ကျောင်းနဲ့ ပညာရေးဆိုင်ရာ ရုံးပေါင်း ၂၆၈ ခု ရှိခဲ့ပြီး  ဆက်သွယ်ရေး တာဝါတိုင်များကိုလည်း ဖောက်ခွဲဖျက်ဆီး ခဲ့ကြတဲ့အတွက်   တယ်လီဖုန်းတာဝါတိုင် ၅၈၇ တိုင် ပျက်စီးဆုံးရှုံး ခဲ့ရပါတယ်။

အကြမ်းဖက် သတ်ဖြတ်ခံရသူများထဲမှာ ဆရာ/ဆရာမ ၄၈ ဦး၊   ကျန်းမာရေး ဝန်ထမ်း ၁၂ ဦး၊ သံဃာတော် ၅၃ ပါး၊ သီလရှင် ၁ ပါးနှင့် ကလေးလူငယ် ၈၂ ဦး၊ အုပ်ချုပ်ရေးမှူး ၄၈၅  ဦး အပါအဝင် အပြစ်မဲ့ပြည်သူ သုံးထောင့်ငါးရာကျော်ကို “ငါနဲ့မတူ၊ ငါ့ရန်သူ” ဆိုတဲ့ အကြမ်းဖက် စိတ်ဓာတ်နဲ့ ဒလန်လို့စွပ်စွဲပြီး   ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ အထောက်အထားများနဲ့ အသေးစိတ် စာရင်းဇယားများ ရှိသလို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှာရှိတဲ့ သက်ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အဖွဲ့အစည်းများကို လည်း ပေးပို့တိုင်ကြား ထားပြီးဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ  ဝါဒဖြန့်စွပ်စွဲ ချက်သက်သက်လား အမှန်တကယ်မြေပြင်မှာ ဖြစ်နေတဲ့ အချက်အလက်တွေလား ဆိုတာကို နေ့စဉ်မြင်တွေ့ကြားသိ နေရတဲ့အဖြစ် အပျက်တွေက  သက်သေခံနေပါတယ်။ ပြည်သူလူထုကို အကြောက်တရားနဲ့ ထိန်းချုပ်နိုင်ဖို့ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခြင်း၊    စစ်ဘက်ပစ်မှတ် မဟုတ်တဲ့  အရပ်ဘက်ပစ်မှတ်တွေကို   အလစ်အငိုက် တိုက်ခိုက်ခြင်း၊  အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုတဲ့ မိဘပြည်သူတွေကို လူမှုကွန်ရက်ကနေ ခြိမ်းခြောက်ခြင်း စတဲ့ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်နေခြင်းကို NUG အဖွဲ့က နယ်မြေထိန်းချုပ်ခြင်း ဆိုပြီး အဓိပ္ပာယ်ကောက်ယူလို့ မရပါဘူး။ ပြည်သူလူထုရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်ပြီး နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်နေတဲ့ NUG အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်များသာ  ဖြစ်ပါတယ်။

NUG နဲ့ ဒီအဖွဲ့ရဲ့လက်ကိုင်တုတ် PDF တွေအနေနဲ့ ဒီလိုအကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်နေပေမယ့်    မြန်မာနိုင်ငံရဲ့ မည်သည့်အစိတ်အပိုင်းကိုမှ စိုးမိုးထားနိုင်ခြင်း မရှိသလို အုပ်ချုပ်နိုင်ခြင်းလည်း မရှိပါဘူး။ ခိုးကြောင်ခိုးဝှက်နဲ့ လူသတ်၊ ဗုံးခွဲတာလောက်ကတော့ ဘယ်လိုရာဇဝတ်ကောင်မဆို လုပ်တတ်ပါတယ်။ ဒီ့ထက်ထင်ရှားတဲ့ အချက်က  မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးနဲ့  လုံခြုံရေးမှာအဓိကဖြစ်ပြီး   မြန်မာနိုင်ငံ တစ်ဝန်းလုံးကို ဖြန့်ကြက်ထားတဲ့ တပ်မတော်ရဲ့   အခြေခံယူနစ်လေး တစ်ခုတလေကို တောင်မှ သိမ်းနိုင်တယ်ဆိုတာ မရှိပါဘူး။

NUG နဲ့ PDF ရဲ့ ဌာနချုပ်မပြောနဲ့ စခန်းတောင် မြန်မာနိုင်ငံမှာ မရှိပါဘူး။ ရုံး၊ ဌာနလည်း မရှိသလို မြေပြင်မှာ ဘာမှသက်ရောက်မှုမရှိတဲ့ ထုတ်ပြန်ချက် အမျိုးမျိုးကို လေလှိုင်းပေါ်မှာသာ ခပ်တည်တည်နဲ့ ထုတ်ပြန်နိုင်တဲ့ အဆင့်ပဲရှိပါတယ်။ NUG အဖွဲ့ဝင်ဆိုတဲ့ လူပုဂ္ဂိုလ်တွေလည်း ပေါ်ပေါ်ထင်ထင် နေထိုင်သွားလာမှု မလုပ်ရဲကြပါဘူး။ ပြည်သူလူထုက အပြည့်အဝထောက်ခံနေ သယောင်ယောင် လူမှုကွန်ရက်မှာ သတင်းအမှားတွေနဲ့ ပုံဖော်နေပေမယ့်  မြေပြင်အမှန်ကတော့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့  ပြည်သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် NUG နဲ့ ပတ်သက်နေသူများ၊ PDF အကြမ်းဖက် သမားများကို ဖမ်းဆီးရမိ၊ အရေးယူမှုတွေ ပိုမိုပြုလုပ်လာနိုင်တာ  မြင်တွေ့ရမှာဖြစ်ပါတယ်။

တကယ်တော့ ကျန်းမာရေး၊ ပညာရေးနဲ့ သက်ဆိုင်သော နေရာတွေဆိုတာ စစ်ပွဲဖြစ် ပွားနေချိန်မှာတောင် ရှောင်ရှားရမည့်နေရာများဖြစ်ပါတယ်။ သို့ပေမယ့် NUG ၊ PDF တွေအနေနဲ့ ဒီနေရာမျိုးတွေကို အကြမ်းဖက် တိုက်ခိုက်မှုများ    ပြုလုပ်ခဲ့ကြပါတယ်။

ဒါကစစ်ရာဇဝတ်မှု  (War    Crimes) ကို ပြောင်ပြောင်တင်းတင်း   ကျူးလွန်နေတာဖြစ်ပြီး   ဒီလိုအစွန်းရောက် အကြမ်းဖက် လုပ်ရပ်များကို  ဆက်တိုက် ကျူးလွန်လျက်ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီအနေနဲ့ ဒီအဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ပြီး သောင်းကျန်းသူနှိမ်နင်းရေး (CounterInsurgency Operations )များနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး  (Counter-terrorism Operations)များ ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ   ၂၀၂၁  ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်ကြီးပေါင်း ၁၀၆ လက်၊ လက်နက်ငယ်ပေါင်း ၁၉၀၁ လက်၊ တူမီး/လက်လုပ်လေသေနတ်ပေါင်း ၄၉၃၈ လက်နှင့် ခဲယမ်းပေါင်း ၃၈၈၀၂၈ တောင့်၊ ဗုံး/မိုင်း ၁၂၂၃၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အရေးယူ ထားမှုက  အမှုပေါင်း ၁၅၀၉၆ မှုရှိပြီး      ဖမ်းဆီးရမိ တရားခံ ၁၁၀၉၃ ဦးကို အရေးယူထားရှိခဲ့ပါတယ်။ ဆူပူအကြမ်းဖက်မှုများနဲ့ စပ်လျဉ်းပြီး အမှုပေါင်း ၁၅၄၁၉ မှု အထိ ရှိပြီး ဖမ်းဆီးရမိတရားခံ ၂၈၁၁၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အရေးယူ ဆောင်ရွက်ထားရှိပါတယ်။

ယခုအခါ     မြန်မာနိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ရှိနေပြီး စစ်ကိုင်း၊ မကွေး တိုင်းဒေသကြီးရဲ့ မြို့နယ်အနည်းငယ်နဲ့ ပြည်ပသြဇာခံ EAOs တချို့ရဲ့ နယ်မြေဒေသ တချို့မှာသာ သောင်းကျန်းသူ နှိမ်နင်းရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးတွေကို နိုင်ငံတကာ ဥပဒေများ၊  ပြည်တွင်းဥပဒေများနဲ့အညီ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်။

တပ်မတော်အနေနဲ့ “ပြည်သူတွေပါဝင်တဲ့ လုံခြုံရေးစနစ်”  ကို တည်ဆောက်ပြီး ဆောင်ရွက်နေတာကြောင့် အကြမ်းဖက်သမားများ အနေနဲ့  ၎င်းတို့ကို   မထောက်ခံတဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခြင်း (Targeted  Assassinations)နဲ့    ဥပဒေပြင်ပသတ်ဖြတ်ခြင်း (Extrajudicial Killings)များ ဆက်လက် ဆောင်ရွက်နေကြကြောင်း  တွေ့ရှိနေရပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်ဥပဒေမှ လက်မခံနိုင်တဲ့ အကြမ်းဖက်မှုများ(Terrorist Acts)ပဲ ဖြစ်ပါတယ်။

ဒီလို NUG အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်များဟာ  ငြင်းလို့မရနိုင်လောက်အောင် ထင်ထင်ရှားရှား မြင်တွေ့နေရပေမယ့် ယခင်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး ကိုယ်စားလှယ်ဟောင်း  ယန်ဟီးလီ ခေါင်းဆောင်တဲ့ Jh Special Advisory Council for Myanmar (SAC-M) ဆိုတာကို ဖွဲ့စည်းပြီး  အနောက်အုပ်စုရဲ့  ငွေကြေးထောက်ပံ့မှုနဲ့ NUG အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံမှုများ ပြုလုပ်နေတာ တွေ့ရှိရပါတယ်။ ဒီအဖွဲ့ကနေ နစကအစိုးရ အနေနဲ့ မြန်မာနိုင်ငံနယ်မြေဒေသ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းအောက်၊ မြို့နယ်ပေါင်း ၃၃၀ ကျော်မှာ ၇၂ မြို့နယ်သာ  ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ ဟာသပြက်လုံးတွေ ထုတ်နေပါတယ်။ အမှန်တော့ NUG ကို အခါတော်ပေး လော်ဘီလုပ်ပြီး နိုင်ငံတကာက ငွေကြေးကို လိမ်စားနေကြတာဖြစ်ပြီး   အဲ့ဒီအဖွဲ့ကို ဘယ်သူကမှ အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ လွတ်လပ်သော နိုင်ငံတကာ ကျွမ်းကျင်သူများအဖွဲ့လို့ အမည်ခံထားပြီး လူမှုကွန်ရက်မှတစ်ဆင့်  မြန်မာနိုင်ငံ  ပျက်စီးရာပျက်စီးကြောင်း   သတင်းလိမ်များကို ထုတ်ပြန်နေခြင်း ဖြစ်ပါတယ်။

ဒါကလည်း လာမယ့် (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အကြမ်းဖက် NUG အဖွဲ့ကိုထောက်ခံတဲ့ ဝရမ်းပြေး ကျော်မိုးထွန်းကို အသိအမှတ်ပြုဖို့ အတွက် ဇွတ်အတင်း လော်ဘီလုပ်နေခြင်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုတဲ့သူ ဆိုတာ အဲ့ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အမှန်တကယ် ကျင့်သုံးနိုင်ရုံမက နယ်မြေပိုင်ဆိုင်မှုများ ရှိဖို့လည်း လိုပါတယ်။  ဒါကြောင့်  မြန်မာနိုင်ငံကို အကြမ်းဖက်အဖွဲ့ NUG နဲ့ သူ့ရဲ့ကိုယ်စားလှယ် ကျော်မိုးထွန်းက ကိုယ်စားပြုနိုင်တယ် ဆိုတာကို လော်ဘီလုပ်ချင်တဲ့အတွက် အချက်အလက်အမှားတွေ  ဖန်တီးတည်ဆောက် ပြီး NUG က မြန်မာနိုင်ငံ တစ်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်သယောင်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာတွေ တည်ဆောက်ထားပြီးသယောင် ဟာသပြက်လုံးတွေရေးပြီး လော်ဘီလုပ်နေတာတွေ့ရတော့ မြေပြင်အခြေအနေတွေနဲ့ လုံးဝကွဲလွဲနေတယ်ဆိုတာ မြင်နေရတဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့  အတော် ရယ်ချင်မိပါတယ်။

တကယ်တော့ NUG/PDF အကြမ်းဖက်အဖွဲ့တွေနဲ့  သူတို့ရဲ့လော်ဘီ နိုင်ငံတကာ အဖွဲ့အစည်းတွေ   ကိုးကားနေတဲ့အချက်အလက်တွေက လူမှုကွန်ရက်ပေါ်က သတင်းအတု/သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ ဒီသတင်းအတု/သတင်းအမှားတွေနဲ့ပဲ နိုင်ငံတကာကို မျက်လှည့်ပြပြီး ထင်ယောင်ထင်မှားဖြစ်အောင်လုပ်နေခြင်းဖြစ်ပါတယ်။

အကြမ်းဖက် ဝရမ်းပြေးဘဝနဲ့ မြန်မာနိုင်ငံ ကနေ ထွက်ပြေးနေပြီး အလှူခံစားနေရတဲ့ NUG အဖွဲ့ဆိုတာဟာ Facebook ု ပေါ်မှာပဲ အစည်းအဝေးလုပ်၊ ကြေညာချက်ထုတ်ပြီး လေလှိုင်းထဲမှာ အစိုးရ တည်ဆောက်နေတယ်ဆိုတာ  မြန်မာပြည်သူတွေတင် မကပါဘူး နိုင်ငံတကာကလည်း သိရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း  တချို့အဖွဲ့အစည်းတွေက နိုင်ငံတကာဆီက ငွေကြေးကို လိမ်တောင်းချင်တော့ ရူးချင်ယောင်ဆောင်ပြီး NUG အဖွဲ့ကို  အသုံးချ၊  မြန်မာပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းမှုကို ချနင်းပြီး လုပ်စားနေကြခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူ လေး၊ ငါးယောက်နဲ့ ကင်းစခန်းလေးတွေကိုပစ်ပြေး၊ အချို့တောရွာလေးတွေမှာ ကလေးတွေကို ခြိမ်းခြောက်ပြီး စာသင်နေပါတယ်ဆိုပြီး    ဓာတ်ပုံရိုက်၊ ပြည်သူတွေကို အကြောက်တရား သွင်းပြီး ချောင်းမြောင်းလူသတ်၊ ဗုံးခွဲပြနေတာတွေကို လူမှုကွန်ရက်ပေါ် သတင်းလုပ်တင် ပုံကြီးချဲ့ပြီး မြန်မာနိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်နိုင်တယ်လို့ ပြောနေတာက NUG အဖွဲ့က အကြမ်းဖက်ဝါဒ(Terrorism)ကို ကျင့်သုံးနေတယ်ဆိုတာ ကမ္ဘာကို ချပြလိုက်တာပါပဲ။  ဒီလိုအကြမ်းဖက်သမားတွေကို ထောက်ခံအားပေးမိရင်   ပိုမိုဆိုးရွားတဲ့ လူသတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေ၊ စစ်ဘေးရှောင်တွေ ပိုမိုများပြားလာနိုင်တယ် ဆိုတာကို နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့  သတိကြီးကြီး ထားသင့်ကြပါတယ်။   မြန်မာပြည်သူအများစုကလည်း NUG/PDF တွေကို ရွံရှာမုန်းတီးနေကြပြီ ဆိုတာကို   သတိချပ်ရမှာဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ CRPH/NUG/PDF စတဲ့ အကြမ်းဖက်သမားတွေနဲ့ သူတို့ရဲ့လော်ဘီ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊  မီဒီယာတွေဟာ  ဘယ်လိုပဲ အချက်အလက်အမှားတွေနဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်နေလုပ်နေ လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတဲ့ သူတို့ရဲ့  အကြမ်းဖက်မှုတွေက  ဘယ်လိုမှ ဖျောက်ဖျက်လို့မရ၊ ငြင်းလို့မရတဲ့ သက်သေ အထောက်အထားတွေဖြစ်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို အကြမ်းဖက်သမားတွေကို အားပေး ထောက်ခံရင် အကြမ်းဖက်သမားတွေလို့ပဲ နိုင်ငံတကာ မျက်နှာစာမှာ သတ်မှတ်ခံရမှာဖြစ်ပါတယ်။

တကယ်တော့  NUG ဆိုတာ ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ NCGUB လိုပဲ လေထဲမှာ တည်ဆောက်ပြီး လေထဲမှာပဲ ပျောက်ကွယ်သွားမယ့် အဖွဲ့ အစည်း ဖြစ်တယ်ဆိုတာက အသေအချာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေရဲ့ လုပ်ရပ်တွေက NLD ပါတီနဲ့ NLD ပါတီအတွင်းက အစွန်းမရောက်သူတွေရဲ့သမိုင်းမှာ အမည်းစက် ထင်သွားပြီဖြစ်ပါတယ်။ NUG/PDF များဟာ သူတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် မြန်မာပြည်သူတွေရဲ့ ရွံရှာမုန်းတီးမှုကို ခံနေကြရသလို  ကမ္ဘာ့နိုင်ငံများရဲ့ ဖယ်ကြဉ်မှု၊   အရေးယူမှုကိုပါ မကြာခင် ကြုံတွေ့ရတော့မှာဖြစ်ကြောင်း  အကြမ်းဖက်အဖွဲ့ NUG ၏ လားရာကို  ညွှန်းဆိုပြလိုက်ရပါတယ်။    ။

မင်းခန့်