နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏(၂၀)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ တိုက်ရိုက် ထုတ်လွှင့်ပြသမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏(၂၀)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ တိုက်ရိုက် ထုတ်လွှင့်ပြသမည်

နေပြည်တော်  စက်တင်ဘာ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၂၀)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲအား စက်တင်ဘာ ၂၀ ရက်(ယနေ့) မွန်းလွဲ  ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ရာ  ယင်းသတင်းစာ ရှင်းလင်းပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV  HD)၊ MRTV News Channel၊ MWD HD Channel၊  MWD Variety HD  Channel၊ MITV၊  MOI Website ၊ MOI Youtube ၊  MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ Star FM၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM ၊  ချယ်ရီ  FM နှင့် FM ပုဂံတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာကြိုတင် အသိပေးအပ်ပါသည်။