ရန်ကုန် အောက်တိုဘာ ၁၅
MSME လုပ်ငန်းများအတွက် လုပ်ငန်းခွင်အတွင်း COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး သင်တန်းကို ဥညူငညန မှဖွင့်လှစ်မည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ သိရသည်။
အဆိုပါ သင်တန်းတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)က ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များ အတိုင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မိမိလုပ်ငန်းခွင်၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်များ၊ တွေ့ကြုံရမည့် လုပ်ငန်းခွင် ထိခိုက်နိုင်ခြေများ၊ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အကောင်အထည်ဖော်နိုင်မည့် MSME အစီ အမံများကို သင်ကြားပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေး ကပြောသည်။
ထို့ပြင် သင်တန်းတွင် လေ့လာမှုအတွက်သာမက COVID-19 ရောဂါနှင့်ပတ်သက်သည့် ကာကွယ် ထိန်းချုပ်ရေး အစီအစဉ်များကို အုပ်စုလိုက်ဆွေးနွေးခြင်း၊ အုပ်စုလိုက်လုပ်ဆောင်ခြင်းတို့ ပါဝင် မည်ဖြစ်ပြီး တက်ရောက်မည့် သင်တန်းသားဦးရေ ကန့်သတ်ထားကာ သင်တန်းကြေးအခမဲ့ဖြစ် ကြောင်း သိရသည်။
ယင်းသင်တန်းကာလမှာ အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိဖြစ်ပြီး သင်တန်းပြီးမြောက်ပါက ILO နှင့် MSME ဌာနအသိအမှတ်ပြု Electronic-Certificate ပေးအပ်မည်ဖြစ်သည်။ သင်တန်းပြီး ပါက ဘေးကင်းလုံခြုံသည့် MSME လုပ်ငန်းခွင်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး လုံခြုံစိတ်ချ သည့် လုပ်ငန်းခွင်ဖန်တီးခြင်းဖြင့် လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ကာ မိမိဖောက်သည်နှင့် ဝန်ထမ်းများ၏ ယုံကြည်မှုကိုရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကို