နေပြည်တော် အောက်တိုဘာ ၁၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုး တွေ့လူနာ ၁၀၂၆ ဦးနှင့် သေဆုံးသူ ၃၃ ဦးထပ်တိုးကြောင်း သိရသည်။
(၁၄-၁၀-၂၀၂၀) ရက်အတွက် ဓာတ်ခွဲအတည်ပြုလူနာ ၈၈၈ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှု အခြေ အနေကို ယနေ့ည ၆ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။
(၁၄-၁၀-၂၀၂၀)ရက် ည ၈ နာရီမှ (၁၅-၁၀-၂၀၂၀) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂၉၇၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၂၆ ဦးတွေ့ရှိရ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
(၅၀၀)