ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၀

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၄ ရက်မှ ယနေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ခရမ်းကျောင်းတိုက်၊ ပူတာအိုမြို့ရှိ တောင်တန်း သာသနာပြုဗဟို ကျောင်းတိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ မဟာစည် သာသနာ့ရိပ်သာ၊ ထေရဝါရဗုဒ္ဓသာသနာပြုကျောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ရှိ ဟံသာမုနိ ဘုန်းတော်ကြီးကျောင်း၊ နမ့်စန်မြို့ရှိ ဒီပင်္ကရာစွယ်တော်ကျောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၁၂)ကျောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၈)ကျောင်း၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ သုခိတာရုံသီလရှင်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ဓမ္မရောင်ခြည်ဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်းနှင့် သာသနာနွယ်ဝင်သီလရှင်ကျောင်း(၈)ကျောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်းနှင့် သာသနာနွယ်ဝင်သီလရှင် ကျောင်း(၂၃)ကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ သရက်တော ကျောင်းတိုက်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ နမ့်ခိုက်ကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အောင်ချမ်းသာကျောင်းတိုက်၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းလိတ်ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဓမ္မစေတီ(မွန်)ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ် တထောင်မြို့နယ်ရှိ မွန်ပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သာသနာဟိတပရိယတ္တိစာသင်တိုက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အသောက သီတဂူ ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ မြစကြ်ာကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိလေသာ တိုက်သစ်ကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်ကျောင်းတိုက်နှင့် အောင်မြေသာစံ မြို့နယ်ရှိ မဟာကုသိုလ်တော်ကျောင်းတိုက်တို့မှ သံဃာတော်များအား ဆွမ်း ဆန်တော်နှင့် ဆန်ကြာဇံများ အသီးသီး သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မန်းတောင်ခြေ ဘိုးဘွားရိပ်သာ၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်ရှိ အောင်လံဘိုးဘွားရိပ်သာနှင့် မကွေးမြို့ရှိ ဖန်ခါးမြေဘိုးဘွားရိပ်သာတို့မှ အဘိုး၊ အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။