နေပြည်တော် အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် အောက်တိုဘာ ၁၄ ရက် ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် လှေတစ်စင်း တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူစစ်ဆေးစဉ် မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် ၅၀ ခန့်အကွာနေရာသို့ အရောက်၌ ဦးကြည်လင်း(ဘ) ဦးအောင်လင်း အပါအဝင် အမျိုးသားခုနစ်ဦးကို လှေပေါ်မှတရားမဝင် တင်ဆောင်လာသော အခြား သစ် ၈၅ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများ၊ သစ်များနှင့် လှေတို့ကို သက်ဆိုင်ရာသို့ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(၁၀၀)