နေပြည်တော် အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်း(၈)ရပ်ကွက်၊ ၁ လမ်းနှင့် ၂ လမ်းထောင့်နေ ဒေါ်ခင်ရွှေ၏ နေအိမ်ခြံဝင်း အတွင်း၌ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းစဉ် အောက်တိုဘာ ၁၄ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် အလျား ၁၀ လက်မ၊ လုံးပတ် ၈ လက်မခွဲခန့်ရှိ သံချေးတက်နေသည့် ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး သိမ်းဆည်းခဲ့သည်။
အဆိုပါ ဗုံးသီးဟောင်းအား အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် လုပ်ထုံး လုပ်နည်း နှင့်အညီ ဖျက်ဆီးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
(၁၀၀)