နေပြည်တော် စက်တင်ဘာ ၂၄
မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့ ယနေ့မြန်မာစံတော်ချိန် ည ၆နာရီခွဲတွင် ဟောင်ကောင်ရှိ Mong Kok Stadium ၌ ဖီဖာနိုင်ငံတကာခြေစမ်းပွဲ FIFA International "A" Friendly Match မှ ဒုတိယခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့သည် ခြေစမ်း ပွဲ နှစ်ပွဲကစားခဲ့ရာ စက်တင်ဘာ ၂၁ ရက် ပထမခြေစမ်းပွဲတွင် ဟောင်ကောင်လက်ရွေးစင်အသင်းမှ ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယနေ့ဒုတိယခြေစမ်းပွဲတွင် ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြချုပ် အန်တွမ်နီဟေး ရွေးချယ်ခေါ်ယူထားသည့် ကစားသမား ၂၁ ဦးပါဝင်ပြီး နည်းပြ/အုပ်ချုပ်အဖွဲ့အပါအဝင် စုစုပေါင်း ၃၂ ဦးဖြင့် ဖွဲ့စည်းထားသည့်အတွက် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်းရာတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ပြည်တွင်းရှိ ကစားသမားများဖြင့်သာ ဖွဲ့စည်းထားပြီး ကစားသမားအသစ်များ နိုင်ငံတကာပွဲအတွေ့အကြုံရရှိစေရန်နှင့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် ရွေးချယ်ခေါ်ယူထားခြင်းဖြစ်ပြီး ယခုလိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကျော်လွင်