(၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

(၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၈

    (၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်  ပြင်ဦးလွင်မြို့ရှိ တပ်မတော် စက်ပစ်ကွင်း၌ ပြုလုပ်သည်။ အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ ပြိုင်ပွဲဝင်အသင်း ၃၄ သင်းဖြင့် အောက်တိုဘာ ၁၂ ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။      

    ဦးစွာ (၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ပြင်ဦးလွင်တပ်နယ်မှ ဗိုလ်ချုပ် ဇော်မင်းလတ် က တက်ရောက်အဖွင့် အမှာစကား ပြောကြားပြီး မိုးပျံပူဖောင်းများအား သေနတ်ပစ်ဖောက် ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာကြသူများက မီတာ ၂၀ ပစ္စတိုထိလဲပြား သရုပ်ပြပစ်ခတ် နေမှုများကို ကြည့်ရှုအားပေးပြီး သရုပ်ပြပစ်ခတ်စဉ် အသင်းများအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။