တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပို့ဆောင်

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပို့ဆောင်

နေပြည်တော်၊ စက်တင်ဘာ - ၃၀

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ သည်။   

ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသို လှောင်ခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharmနှင့် Myancopharm ဆေးများကို ယနေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ Sinopharm ဆေး ၁၀၀ လုံး၊ Myancopharm ဆေး ၄၄၀ လုံးနှင့် ဆေးထိုးအပ် ၉၀၀၀ ချောင်း၊ တီးတိန်မြို့သို့ Myancopharm ဆေး ၉၀ လုံးနှင့် ဆေးထိုးအပ် ၉၀၀၀ ချောင်း၊ တွန်းဇံမြို့သို့ Myancopharm ဆေး ၄၈ လုံးနှင့် ပလက်ဝမြို့သို့ Myancopharm ဆေး ၄၃၄ လုံးနှင့် ဆေးထိုးအပ် ၃၀၀၀ ချောင်း၊ မတူပီမြို့နှင့် မင်းတပ်မြို့သို့ ဆေးထိုးအပ် ၉၀၀၀ ချောင်း၊ ဂန့်ဂေါမြို့သို့ ဆေးထိုးအပ် ၆၅၀၀ ချောင်း၊ ဟားခါးမြို့သို့ ဆေးထိုးအပ် ၆၀၀၀ ချောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ Sinopharm ဆေး ၂၄၀၀၀ လုံး၊ Myancopharm ဆေး ၁၀၀၀၀ လုံး၊ ဆေးထိုးအပ် ၃၀၅၀၀၀ ချောင်း၊ ကလေးမြို့သို့ Myancopharm ဆေး ၆၀၀ လုံး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ Sinopharm ဆေး ၂၀၀၀ လုံး၊ ဆေးထိုးအပ် ၆၀၀၀၀ ချောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ Sinopharm ဆေး ၂၇၃၉ လုံး၊ Myancopharm ဆေး ၈၃၉ လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ Sinopharm ဆေး ၄၀၀၀ လုံးနှင့် ဆေးထိုးအပ် ၃၇၈၀၀ ချောင်းတို့ကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။