မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ချောင်းဆုံကျေးရွာ “ရွာဦး” ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးသုန္ဒရအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ချောင်းဆုံကျေးရွာရွာဦးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးသုန္ဒရအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ စက်တင်ဘာ ၃၀

   NUG နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များ ပြုလုပ်လျက်ရှိသည့်အပြင် သာသနာပိုင် အဆောက်အဦများ၊ ဘုန်းတော်ကြီး ကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်း သံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၁ နာရီ ၃၀ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တညောင်တင့်ကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာရှိ “ရွာဦး” ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသုန္ဒရ သက်တော်(၆၀)နှစ် (ဝါတော်) ၂၅ ဝါ (ခမည်းတော်)ဦးသက်တင် သည် ဘုန်းကြီးကျောင်းအတွင်း၌ အဆိုပါကျေးရွာနေသူများဖြစ်သည့် မောင်ဖိုးလွင် (၁၈)နှစ် (ဘ)ဦးလှမြင့်၊ ဦးဖိုးလွယ်(၃၀)နှစ် (ဘ)ဦးသာထူး တို့နှင့်အတူ ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၅ ဦးခန့် ရောက်ရှိလာပြီး ဆရာတော်နှင့် ဦးဖိုးလွယ်ပါ ၃ ဦးအား ချောင်းဆုံကျေးရွာ၏ အရှေ့ဘက်တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး တောစပ်အရောက်၌ ဦးဖိုးလွယ်နှင့် မောင်ဖိုးလွယ်တို့အား ပြန်လည်စေလွှတ်ပေးကာ ဆရာတော် ဉူးသုန္ဒရအား တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

     အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါ ဖြစ်စဉ်များမှ PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် သာသနာ့အနွယ်ဝင် ချောင်းဆုံကျေးရွာ “ရွာဦး”ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသုန္ဒရ အား ပြန်လည် ကယ်တင်နိုင်ရေး နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။