မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)
သဘောထားထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
၁။ ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့ နံနက်ပိုင်းတွင် ခရီးသည် ၆၃ ဦး လိုက်ပါလာသည့် ခရီးစဉ်အမှတ် UB _ 149 ၊ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲသည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မှ လေယာဉ်အမှတ် XY _ AML ၊ လေယာဉ်အမျိုးအစား ART - 72 (600) သည် လွိုင်ကော် လေဆိပ်သို့ ဆင်းသက်ရန် လုပ်ငန်းစဉ်များ အတိုင်း ပြုလုပ်လျက်ရှိစဉ် လက်နက် (စိစစ်ဆဲ) ဖြင့် ပစ်ခတ်သဖြင့် လေယာဉ်ပေါ် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
၂။ အပြစ်မဲ့ပြည်သူများအား အမျိုးမျိုးရန်ရှာကာ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများ၊ ယခုကဲ့သို့ ပြည်သူအများ ဒုက္ခရောက်စေရန် ကျူးလွန်မှုများအတွက် ယခုဖြစ်စဉ် အပါအဝင် အကြမ်းဖက်လုပ်ရပ်များကို မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)