ဆိုးရွားကြမ်းတမ်းသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သွားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်ပြင်းထန်စွာ တုံ့ပြန်သွားမည်

ဆိုးရွားကြမ်းတမ်းသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သွားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်ပြင်းထန်စွာ တုံ့ပြန်သွားမည်

ဆိုးရွားကြမ်းတမ်းသော  အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သွားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက   ထိရောက်ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလိုပဲ ဖြေကြားထားပါသည်။

မေး။  ။ လွိုင်ကော်မှာ   ခရီးသည်လေယာဉ်အပစ်ခံရတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဖြေကြားထားတာကို ကြားသိရ

ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး  ထပ်မံသိချင်တာက  ယခုလိုဆိုးရွားရက်စက်တဲ့ လုပ်ရပ်တွေကို  လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့က  ဘယ်လိုဆက်လက် အရေးယူသွားမလဲဆိုတာ   ဖြေကြားပေးစေလိုပါတယ်။

ဖြေ။  ။ နိုင်ငံတကာရော၊ ကမ္ဘာမှာရော ခရီးသည်တင်လေယာဉ်၊ ခရီးသည်တင် ရထား၊ ခရီးသည်တင်ကား၊ Public Transportation နှင့်ပတ်သက်တဲ့ လုပ်ငန်းတွေကို အကြမ်းဖက်တိုက်ခိုက်တာက ပြည်သူလူထုကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ်ကို တိုက်ရိုက်အကြမ်းဖက်ဆောင်ရွက်တာ ဖြစ်ပါတယ်။ လွိုင်ကော်မှာဖြစ်တဲ့     ဖြစ်စဉ်သည် ခရီးသည် ၆၃  ဦးပါတဲ့  လေယာဉ်ကို ပစ်ခတ်တာဖြစ်ပါတယ်။  ခရီးသည်တင်လေယာဉ်က  ရန်ကုန်ကနေ ထွက်လာတယ်။  ၈  နာရီ   ၄၅   မိနစ်ခန့်မှာ လွိုင်ကော်လေဆိပ်ကို     ဆင်းသက်ဖို့အတွက်  အနိမ့်ပျံသန်းတယ်၊ ကွင်းကိုပတ်ပြီးပျံရတယ်။ ဒီလိုအချိန်မျိုးမှာ လေယာဉ်ကွင်းရဲ့  မြောက်ဘက်မှာရှိတဲ့   PDF, KNPP အကြမ်းဖက်သောင်းကျန်းသူတွေ နေတဲ့နေရာကနေဖြတ်ရတယ်။ ဖြတ်ရတဲ့ အခါ  အောက်ကနေ  လက်နက်ငယ်နဲ့ပစ်ခတ်တာ ဖြစ်ပါတယ်။  လေယာဉ်ဝမ်းဗိုက်ပိုင်းမှာထိခိုက်တာရှိပါတယ်။ ခရီးသည်တစ်ယောက်  ဒဏ်ရာရရှိခဲ့တာရှိပါတယ်။ ဒီကိစ္စသတင်းထုတ်ပြန်ပြီး နောက်ပိုင်းမှာ ပြည်ဖျက်မီဒီယာတွေက  လေဆိပ်မှာပဲ ပစ်ခတ်မှု ဖြစ်ပွားသယောင်ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဘာကြောင့် သူတို့ဒီလိုဆောင်ရွက်ရသလဲဆိုတာ  အကြောင်းရှိတယ်။  အများပြည်သူနဲ့  သက်ဆိုင်တဲ့ Public Transportation ကိစ္စတွင် အကြမ်းဖက်မှုသည် ပိုပြီးကြီးမားပြီး ရာဇဝတ်မှု ကြီးမားတယ်ဆိုတာ သိတဲ့ အတွက်ကြောင့် သူတို့အနေနဲ့ ဆင်သေတာကိုဆိတ်သားရေနဲ့ ဖုံးတဲ့ပုံစံမျိုးလိုက်ပြီး လုပ်နေတဲ့ပုံစံမျိုး ဖြစ်ပါတယ်။  လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဆိုးရွားကြမ်းတမ်းတဲ့၊   ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်မျိုးကို လုပ်ဆောင်နေတဲ့သူတွေ၊ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ ထိရောက်ပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ ပြောချင်ပါတယ်။