တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ တွင် ဆေးတပ်ဖွဲ့(အမျိုးသား) အသင်းနှင့် ကျိုင်းတုံတပ်နယ်(ခ) (အမျိုးသမီး)အသင်းတို့က တံခွန်စိုက် ဒိုင်းဆုတို့အား အသီးသီးရရှိ

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ တွင် ဆေးတပ်ဖွဲ့(အမျိုးသား) အသင်းနှင့် ကျိုင်းတုံတပ်နယ်(ခ) (အမျိုးသမီး)အသင်းတို့က တံခွန်စိုက် ဒိုင်းဆုတို့အား အသီးသီးရရှိ

နေပြည်တော်၊ အောက်တိုဘာ - ၁

          တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၃၀ ရက် နေလယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ခဲ့ပြီး တံခွန်စိုက်ဒိုင်းဆုတို့အား ဆေးတပ်ဖွဲ့ (အမျိုးသား)အသင်းနှင့် ကျိုင်းတုံတပ်နယ် (ခ)(အမျိုးသမီး)အသင်းတို့က ရရှိသွားကြောင်း သိရှိရသည်။

          အဆိုပါ (အမျိုးသား၊ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြပြီး ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ အမျိုးသားဗိုလ်လုပွဲတွင် ဆေးတပ်ဖွဲ့အသင်းက  ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသမီးဗိုလ်လုပွဲတွင် ကျိုင်းတုံတပ်နယ်(ခ)အသင်းက ၃ ပွဲပြတ်ဖြင့် လည်းကောင်း ထိုက်ထိုက်တန်တန် တံခွန်စိုက်ဒိုင်းဆုများ အသီးသီးရရှိသွားကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက်ဆုများ၊ တံခွန်စိုက်ဒိုင်း ဆုများရရှိသော ဆေးတပ်ဖွဲ့(အမျိုးသား)အသင်းနှင့် ကျိုင်းတုံတပ်နယ်(ခ) (အမျိုးသမီး) အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆုများနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။