စစ်တွေမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

စစ်တွေမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၁

          အနာဂါတ်အတွက် ဒီရေတောများ ရေရှည်တည်တံ့စေရေး၊ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနှင့် ဒီရေတောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကစ္ဆပနဒီမြစ်ကမ်းရှိ ရှုခင်းသာလမ်း နံဘေး၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်မတော်သားများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြ သည်။

          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက ဒီရေတောသစ်ပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒီရေတောသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်စုစုပေါင်း ၇၀၀ ပင်ကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့များထံ  ပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒီရေ တောသစ်ပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး တက်ရောက်လာကြသူများက သတ်မှတ် နေရာအသီးသီးတွင် ဒီရေတောပျိုးပင်များ စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အား ပေးခဲ့ကြကြောင်း သတင်းရရှိသည်။