ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာ ပေါင်းစုံစုပေါင်း၍ သံဃာတော် များအား ဆွမ်းဆန်တော် လောင်းလှူ

ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာ ပေါင်းစုံစုပေါင်း၍ သံဃာတော် များအား ဆွမ်းဆန်တော် လောင်းလှူ

နေပြည်တော်၊ အောက်တိုဘာ -

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာ ပေါင်းစုံစုပေါင်း၍ သံဃာတော်များအား ဆွမ်းဆန်တော် လောင်းလှူခြင်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ က ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၁ ကျောင်းမှ သံဃာတော် ၂၇၈ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၂၉ ပါးတို့ကို ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လောင်းလှူသည်။

    ထို့နောက် အဆိုပါ ဘုရားကြီး၌ ဝါတွင်းကာလ ဆွမ်းဆန်တော် လောင်းလှူပွဲ ပိတ်ပွဲနှင့် ရေစက်ချပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။