ချင်းပြည်နယ် ရဲတပ်ဖွဲ့၏ (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ကျင်းပပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၄
ချင်းပြည်နယ်ရဲတပ်ဖွဲ့၏ (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ယနေ့နံနက် ပိုင်းတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမ၌ ပြုလုပ်ရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးလွင်မိုး က မြန်မာနိုင်ငံ ရဲချုပ်မှပေးပို့သော ရဲတပ်ဖွဲ့ သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ် ရရှိသူ ၄ ဦးနှင့် စိုက်ပျိုးရေး/မွေးမြူရေး နှင့် နေအိမ်လိုင်းခန်း သန့်ရှင်းရေး အကောင်းဆုံးဆု ရရှိကြသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။