နီမက်စ်နှင့် မန်ယူအသင်းပွဲစဉ်နှစ်ပွဲအတွက် ကြံ့ခိုင်မှုရှိသည့်ကစားသမား ၁၁ ဦးသာရှိ၍ ပီအက်စ်ဂျီနည်းပြ စိတ်ပျက်နေ

ပဲရစ်၊ ဘောလုံး

အောက်တိုဘာ ၁၇ ရက်ညတွင် နီမက်စ်နှင့် ပြင်သစ်လီဂူးဝမ်းအဝေးကွင်းပွဲ၊ အောက်တိုဘာ ၂၁ ရက်တွင် မန်ယူနှင့်ချန်ပီယံလိဂ် အုပ်စုအဖွင့်အိမ်ကွင်းပွဲများကစားရမည့် ပီအက်စ်ဂျီအသင်းတွင် ဒဏ်ရာရကစားသမား များရှိနေခြင်းကြောင့် နည်းပြတူချယ်အတွက် ထိုတစ်ပတ်အတွင်း အသင်း၌ ကြံ့ခိုင်မှုအပြည့်ဖြင့် အသုံးပြုနိုင် မည့် ကစားသမား ၁၁ ဦးသာရှိမည်ဖြစ်ကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့ရသဖြင့် တခြားအသင်းများထက် နားရက်နည်းခဲ့ပြီး  ယခု နိုင်ငံတကာရက် သတ္တပတ်ပွဲများတွင်လည်း အီကာဒီ၊ ဒရက်ဇ်လာနှင့်မာကွင်ဟို့စ်တို့ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။ ပီအက်စ်ဂျီနည်းပြ တူချယ်က “ကျွန်တော်တို့မှာ နေမာနဲ့ အမ်ဘပ်ပီ တို့ကိုလည်း ဝန်မပိစေဖို့တာဝန်ရှိတယ်။ သူတို့နှစ်ဦးစလုံးက ဒီရက်ပိုင်းထဲ နိုင်ငံအသင်းတွေအတွက်  ကစား ပေးခဲ့ရသူတွေပါ။  တောင် အမေရိကကို နေမာသွားရတဲ့ခရီးကလည်း ဝေးတယ်။  ဒါကြောင့် နောက်ပွဲတွေမှာ  ကျွန်တော်တို့အတွက် ကြံ့ခိုင်မှုအပြည့်သုံးနိုင်မယ့် ကစားသမားက ၁၁ ဦးလောက်ပဲရှိနိုင်တယ်။ ဒရက်ဇ်လာနဲ့ မာကွင်ဟို့စ်တို့ မန်ယူနဲ့ပွဲပါနိုင်ဖို့ မသေချာဘူး။ ဗာရက်တီလည်း ဒဏ်ရာရသွားတယ်။ ပွဲထွက် ၁၁ ဦးရွေးဖို့  အရမ်းခက်သွားပြီ”ဟု စိတ်ပျက်စကားဆိုခဲ့သည်။

Ref:Dailymail