လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေလှိုင်း ပုတ်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လမိုင်းမြို့၊ ပသျှူးချောင်းကျေးရွာမှ ဒေသခံ ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင်ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ သြဂုတ် - ၈

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကုလားကုတ် ကျေးရွာအုပ်စု၊ ပသျှူးချောင်း ကျေးရွာ၌ သြဂုတ် ၄ ရက်မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေလှိုင်း ပုတ်ခတ်မှုကြောင့် နေအိမ် ၁၃ လုံးနှင့် ငါးလှမ်းကြပ်စင် ၄ ခု ပျက်စီးမှု ဖြစ်ပေါ်ခဲ့သဖြင့် လေဘေးသင့် ပြည်သူအိမ်ထောင်စု ၁၃ စုမှ လူဦးရေ ၄၃ ဦးတို့သည် အဆိုပါကျေးရွာရှိ နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။

အဆိုပါ လေဘေးသင့် ပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာ နချုပ်၊ သံဖြူဇရပ် တပ်နယ်နှင့် ရေးတပ်နယ်တို့မှ တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် စသည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။