နေပြည်တော် အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင် များသည် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခန့်တွင် မေယုကျွန်း၏ အနောက်ဘက် ရေမိုင် ၂၇ မိုင်ခန့် အကွာ၌ မသင်္ကာဖွယ်စက်လှေတစ်စင်းအားတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ အလျားပေ ၁၀၀၊ အနံ ၂၅ ပေ၊ ရေစူး ၆ ပေခန့်ရှိ အောင်မြင့်မိုရ်အမည်ရှိ စက်လှေပေါ်မှ ကျော်စိုး(ဘ)ဦးသင်္ခါကျော် အပါအဝင် အမျိုးသား ရှစ်ဦးကို လှေပေါ်တွင် တင်ဆောင်လာသည့် တရားမဝင်သစ်တန် ၈၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ အောက်တိုဘာ ၁၅ ရက်နံနက် ၁ နာရီခန့်တွင် မေယုကျွန်း၏ အနောက်ဘက် ရေမိုင် ၃၀ မိုင်ခန့် အကွာ၌ အလျား ၉၅ ပေ၊ အနံ ပေ ၂၀၊ ရေစူး၁၀ ပေခန့်ရှိ မင်းဇေယျာအမည်ရှိ စက်လှေပေါ်မှ ကျော်မိုး (ဘ) ဦးဘဟန် အပါအဝင် အမျိုးသား ခုနစ်ဦးကို လှေပေါ်တွင်တင် ဆောင်လာသည့် တရားမဝင်သစ် တန် ၇၀ နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ စက်လှေများ၊ တရားမဝင်သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(၁၀၀)