သီတင်းကျွတ်လပြည့်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌ မီးရှူးမီးပန်းများ ပစ်ဖောက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

နေပြည်တော်၊ အောက်တိုဘာ - ၇

          မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင်တို့၌ ည ၇ နာရီမှစ၍ FIREWORK အမျိုးအစား မီးရှူးမီးပန်းများအား ပစ်ဖောက် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါမီး ရှူးမီးပန်းပစ်ဖောက်မှုများကို အများပြည်သူများအနေဖြင့် လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။