ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၌ မျက်နှာတော်သစ်ခြင်း၊ ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းနှင့် အဘယရာဇမုနိဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်းအောင်ပွဲ ပြုလုပ်

ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၌ မျက်နှာတော်သစ်ခြင်း၊ ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းနှင့် အဘယရာဇမုနိဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်းအောင်ပွဲ ပြုလုပ်

 
နေပြည်တော်၊ အောက်တိုဘာ - ၈

 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီးအား မျက်နှာ တော်သစ်ခြင်း၊ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဌာနဆိုင်ရာ ပေါင်းစုံ စုပေါင်း၍ သံဃာတော်များအား ဝါတွင်းကာလ ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရာက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး ဆွမ်းတို့ဖြင့် ဆက်ကပ်ပူဇော်ကြပြီး မျက်နှာတော်သစ်ရေသပ္ပါယ်ခြင်း၊ ရွှေသင်္ကန်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် အဆိုပါ မဟာမြတ်မုနိဘုရားကြီး၌ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍ ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းကြီး ကျောင်း ၁၇ ကျောင်းမှ သံဃာတော် ၁၈၆ ပါးနှင့် သာသနာ နွယ်ဝင်သီလရှင် ၁၃ ပါးတို့ကို ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် အရုဏ်ဆွမ်းများ ဆက်ကပ် လောင်းလှူကြသည်။
ထို့ပြင် ကျိုင်းတုံမြိုနယ်၊ ပန်ကွဲကျေးရွာရှိ အဘယရာဇမုနိဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ရေစက်ချ မင်္ဂလာကို ဆက်လက်ပြုလုပ်ရာ လွယ်မွေသာသနာပြုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝေပုလ္လအမှူးပြုသော သံဃာတော်များ၊ တိုင်းမှူး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ ဝေပုလ္လ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇယ ထံမှ ငါးပါးသီလ ခံယူစောင့်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်လက်လှူဒါန်းကြ သည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲကို အောက်တိုဘာလ ၄ ရက်မှ ၈ ရက်အထိ (၅)ရက်တိုင်တိုင် သံဃာတော်(၁၈)ပါးဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။