မြန်မာ့ကော်ဖီစေ့များ ပြင်သစ်နိုင်ငံသို့ တင်ပို့လျက်ရှိ

မြန်မာ့ကော်ဖီစေ့များ ပြင်သစ်နိုင်ငံသို့ တင်ပို့လျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသည့်ကော်ဖီစေ့များကို Green Gold သမဝါယမအသင်း ဂိုဒေါင်တွင်  ကိုယ်တိုင်ကြိတ်ခွဲ ထုတ်လုပ်ခြင်း၊ အရည်အသွေးဆန်းစစ်ခြင်းများ ပြုလုပ်၍ ပြင်သစ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သမဝါယမဦးစီးဌာနမှ သိရသည်။

ကော်ဖီစေ့တင်ပို့ရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ သမဝါယမ အသင်းသားများ စုပေါင်း ဖွဲ့စည်းထားသည့်  ွမနနည ွသိူ ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းသားများ စိုက်ပျိုးထားသော ကော်ဖီစေ့များကို တင်ပို့ခြင်းဖြစ်သည်။

အဆိုပါကော်ဖီစေ့များကို တောင်ကြီးမြို့ (TBC) စီးပွားရေးဇုန်ရှိ Green Gold သမဝါယမအသင်း ဂိုဒေါင်၌   ကိုယ်တိုင်ကြိတ်ခွဲ ထုတ်လုပ်ကာ  အရည်အသွေး ဆန်းစစ်ခြင်းများ ပြုလုပ်၍ အရည်အသွေး ပြည့်မီသောကော်ဖီစေ့များကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

Green Gold ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းမှ ပြင်သစ်နိုင်ငံသို့ နဝမအကြိမ်အဖြစ် Green Bean တစ်အိတ်လျှင် ၆၀  ကီလိုဂရမ်ပါ အိတ်ပေါင်း ၃၃၅ အိတ်၊ ကော်ဖီတန်ချိန် ၂၀ ဒသမ ၁ တန် ကွန်တိန်နာ နှစ်လုံးကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။