ငှက်ပျောသီး ဈေးကောင်းမွန်၍ တောင်သူများ အဆင်ပြေ

ငှက်ပျောသီး ဈေးကောင်းမွန်၍ တောင်သူများ အဆင်ပြေ

    တနင်္သာရီတိုင်းဒေသကြီး   ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ဝါလကင်းလွတ် သီတင်းကျွတ် အချိန်ကာလတွင် ငှက်ပျောသီးဈေးများ ကောင်းမွန်၍ တောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

"အခုက   သီတင်းကျွတ်ပြီဆိုတော့  ဘုရားပွဲတင်တာ၊ ပြီးတော့  ကန်တော့ပွဲ ဆက်တာနဲ့  လက်ဆောင်ပေးတာတွေ ရှိတော့ ငှက်ပျောသီးကို တခြားမြို့နယ်ဘက်တွေက ဈေးကောင်းပေးပြီး လာဝယ်ကြတယ်။   ရခိုင်ငှက်ပျောသီး    တစ်ဖီးကို ငွေကျပ် ၅၀၀၊ ၆၀၀၊   သီးမွှေးငှက်ပျော တစ်ဖီးကို ငွေကျပ် ၆၅၀၊ ဖီးကြမ်းတစ်ဖီးကို ငွေကျပ် ၈၀၀၊ ၁၀၀၀ အထိ ဈေးရရှိတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။

ကလိန်အောင်မြို့မှ ထွက်ရှိသည့် ငှက်ပျောသီးများကို ကံပေါက်ဒေသနှင့် ထားဝယ်မြို့တို့ဘက်မှ ကိုယ်တိုင် လာရောက်၍ ဥယျာဉ်ခြံများတွင် ခူးဆွတ် ဝယ်ယူကြသည်။

ကလိန်အောင်မြို့၌ ရခိုင်၊ ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောတို့ကို  ဥယျာဉ်ခြံများ၌ ရောနှော၍ ထည့်သွင်း စိုက်ပျိုးကြကြောင်း သိရသည်။