ရာသီအဖွင့်လေးပွဲတွင် ငါးဂိုးသွင်းပေးထားနိုင်သည့် အဓိကတိုက်စစ်မှူး ဂျေမီဗာဒီသည် အောက်တိုဘာ ၁၅ ရက်က အသင်းနှင့်လေ့ကျင့်ခန်းဆင်းစဉ် ခြေသလုံးကြွက်သားဒဏ်ရာ ရရှိသွားသဖြင့် Scan ဖတ်စစ်ဆေးထားပြီး အောက်တိုဘာ ၁၈ ရက်ည ဗီလာနှင့် ပရီးမီးယားလိဂ်ပွဲတွင် ပါဝင်ရန် မသေချာကြောင်း သိရသည်။
လက်စတာအသင်းသည် ရာသီအဖွင့်သုံးပွဲတွင် နိုင်ပွဲဆက်ခဲ့သော်လည်း နိုင်ငံတကာပွဲများမကစားမီ နောက်ဆုံး ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ဝက်စ်ဟမ်းကို သုံးဂိုးပြတ် ရှုံးခဲ့ရသဖြင့် နိုင်ပွဲပြန်ရရန် အရေးကြီးချိန် အသင်း၏ ဂိုးသွင်းစက် ဗာဒီဒဏ်ရာရသွားခြင်းမှာ ကြီးမားသည့်ထိုးနှက် ချက်ဖြစ်လာသည်။
ဗီလာအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် လီဗာပူးကို ၇ ဂိုး-၂ ဂိုး ဖြင့် အနိုင်ရခဲ့ရာ လက်စတာ အနေဖြင့် ဗီလာနှင့်ပွဲကျပ် ကစားရမည့်အချိန်တွင် ဒဏ်ရာရ ကစားသမားများနေ၍ စိတ်ပျက်စရာ အနေအထားဖြစ်နေ သည်။
Ref:Dailymail