နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းရှိ ဆူးငြောင့်ခလုတ်များကို ဝိုင်းဝန်းပူးပေါင်းဖယ်ရှားကြပါစို့

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းရှိ ဆူးငြောင့်ခလုတ်များကို ဝိုင်းဝန်းပူးပေါင်းဖယ်ရှားကြပါစို့

လူသားအားလုံး အသက်ရှင်သန်ရပ်တည်နေနိုင်ရေးအတွက် ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ စွမ်းအင်ဆိုတာ လိုအပ်ပါတယ်။   လိုအပ်တဲ့စွမ်းအင်ကို အစားအသောက်အပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ရယူရတာပါ။   ရလာတဲ့စွမ်းအင်တွေကို သူ့နေရာနဲ့သူ  အပိုအလိုမရှိအံဝင်ခွင်ကျဖြစ်အောင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက စီမံခန့်ခွဲအသုံးချပါတယ်။ ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့လူသား တွေအားလုံး  နေ့စဉ်ဘဝမှာ ရှင်သန်ရပ်တည်နေနိုင်ကြတာပါ။

အလားတူ နိုင်ငံတစ်နိုင်ငံကို လူ့ခန္ဓာကိုယ်နဲ့တင်စားမယ်ဆိုရင်    နိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အစရှိတဲ့ လုပ်ငန်းအမျိုးမျိုးကို လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကဲ့သို့   သတ်မှတ်နိုင်ပါတယ်။ တစ်နည်းပြောရရင် အဲဒီလုပ်ငန်းတွေ အားလုံးဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားတွေအဖြစ် ကိုယ်စီတာဝန်တွေကို ထမ်းဆောင် နေကြတာပါ။

လူ့ခန္ဓာကိုယ်ရဲ့ကိုယ်တွင်းအင်္ဂါတွေ   ကောင်းစွာအလုပ်လုပ်နိုင်ဖို့ စွမ်းအင်လိုအပ်သလို နိုင်ငံတစ်နိုင်ငံရဲ့ မောင်းနှင်အားတွေ   ကောင်းစွာလည်ပတ်နိုင်ဖို့ဆိုရင်လည်း စွမ်းအင်လိုအပ်ပါတယ်။ ဒီလိုမောင်းနှင်အား တွေအတွက် အဓိကလိုအပ်တဲ့ စွမ်းအင်ကတော့ လျှပ်စစ်စွမ်းအင်ပါပဲ။ ဒါကြောင့်လည်း လျှပ်စစ်စွမ်းအင်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့အရာရာလို့ ဆိုရလောက်တဲ့အထိ လိုအပ်ချက်ကြီးမားလာတာပါ။

လျှပ်စစ်စွမ်းအင်ဆိုတာ မိမိတို့ကမ္ဘာကြီးရဲ့ သဘာဝထဲမှာ မူလကတည်းက  တည်ရှိနေနှင့်ပြီးသားဖြစ်ပါတယ်။ အဲဒီစွမ်းအင်ကို ပထမဆုံးရှာဖွေစူးစမ်းမိသူက ဘန်ဂျမင်ဖရန့်ကလင်းဖြစ်ပြီး ၁၇၅၂ ခုနှစ်မှာ လေတံခွန်တစ်ခုနဲ့ သမိုင်းဝင်စမ်းသပ်မှု တစ်ခုကိုလုပ်ဆောင်ရာကနေ စတင်ခဲ့တာပါ။ အဲဒီနောက်ပိုင်း သိပ္ပံပညာရှင်အများအပြားက ဘန်ဂျမင်ဖရန့်ကလင်းရဲ့တွေ့ရှိမှုအပေါ်အခြေခံပြီး   တိုးတက်တီထွင်ဖန်တီးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့အချိန်အခါမှာဆိုရင် လျှပ်စစ်စွမ်းအင်က နေအိမ်တစ်လုံး၊ ကျေးရွာတစ်ရွာမှသည် တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးအထိဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်လာပြီလို့ ပြောရင်မမှားပါဘူး။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံ့ခေါင်းဆောင်များက လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ရရှိနိုင်အောင်    နည်းလမ်းအမျိုးမျိုးနဲ့ ကြံဆောင်လာခဲ့ကြပါတယ်။ အဲဒီခေါင်းဆောင်တွေ ထဲမှာ မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက်ခေါင်းဆောင် များသည်လည်းအပါအဝင်ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအင်ကိုကောင်းမွန်စွာရရှိမှုက   နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်  ဘယ်လောက်အထိ အရေးပါလဲဆိုတာကို ဥပမာတချို့ထုတ်နုတ်တင်ပြပါမယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကုန်ထုတ်လုပ်မှုစွမ်းအားက အင်မတန်မှ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒီလိုကုန်ထုတ်လုပ်မှု စွမ်းအားတိုးတက်ဖို့အတွက်   စက်ရုံ၊ အလုပ်ရုံတွေလည်ပတ်ဖို့ လိုပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေလည်ပတ်နိုင်ဖို့ဆိုရင် လျှပ်စစ်စွမ်းအင်လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ဆိုရင် လျှပ်စစ်စွမ်းအင်လိုပါတယ်။ ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင်   လျှပ်စစ်စွမ်းအင်လိုပါတယ်။   ဆေးရုံ၊  ဆေးခန်းတွေမှာ သေအံ့ဆဲဆဲလူနာတွေကိုအသက်ကယ်ဖို့ဆိုရင် လျှပ်စစ်စွမ်းအင်လိုပါတယ်။    နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တွေဖြစ်တဲ့ လူငယ်လူရွယ်တွေ ပညာတတ်ဖို့ဆိုရင် လျှပ်စစ်စွမ်းအင် လိုပါတယ်။ ကုန်ကုန်ပြောရရင်  အမျိုးသားအကျိုးစီးပွားတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်စွမ်းအင်လိုပါတယ်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍ သမိုင်းကြောင်းကို ပြန်ကြည့်ရင် လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတာကို တွေ့ရပါတယ်။ လွတ်လပ်ရေးအကြိုခေတ်တုန်းက အမျိုးသားခေါင်းဆောင်ကြီးများက နိုင်ငံအတွက် စီမံကိန်းရေးဆွဲရာမှာ နိုင်ငံတော်အလုံးစုံတိုးတက်စေဖို့ ရည်ရွယ်ကာ   လျှပ်စစ်ဓာတ်အားကို တောင်တန်း/ပြည်မ မခွဲခြားဘဲ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူလူထုအားလုံး ပြည့်ပြည့်၀၀ဖောဖောသီသီ အသုံးပြုနိုင်စေဖို့ ရေအားလျှပ်စစ်စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ရေးအတွက် ၁၉၄၇ ခုနှစ် ဇွန်လမှာရေးဆွဲတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားတိုးတက်ရေး နှစ်နှစ်စီမံကိန်းမှာ ထည့်သွင်းခဲ့တာကို တွေ့ရပါတယ်။

အဲဒီအချိန်ကနေစလို့ မြန်မာနိုင်ငံအစိုးရအဆက်ဆက်က ကျေးလက်၊ မြို့ပြနေရာလပ်မကျန်   ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုများအားလုံး လျှပ်စစ်စွမ်းအင်ရရှိ အသုံးပြုနိုင်စေရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း လျှပ်စစ်ဓာတ်အားရရှိရေးကို  ဘယ်လောက်အထိ အလေးထားလဲဆိုတာ     တင်ပြပါဦးမယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် နည်းလမ်းရှာဖွေဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မြန်မာနိုင်ငံအတွက် သမားရိုးကျ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလို့ ဆိုနိုင်တဲ့ ရေအားလျှပ်စစ်အပြင်  နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးမှသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချပြီး    လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

လျှပ်စစ်စွမ်းအင်ရရှိစေရေးအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို  တည်ဆောက်ရုံနဲ့မရပါဘူး။ လျှပ်စစ်ဓာတ်အားလိုင်းတွေ တည်ဆောက်ရပါတယ်။

တာဝါတိုင်တွေတည်ဆောက်ရပါတယ်။ ဓာတ်အားခွဲရုံတွေတည်ဆောက်ရပါတယ်။  ပြီးမှသာ ပြည်သူလူထု အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်မီးကြိုးတွေ သွယ်တန်းပြီး   လျှပ်စစ်ဓာတ်အားတွေကို ဖြန့်ဖြူးရတာပါ။ ဒီလုပ်ငန်းစဉ်တွေအားလုံးဟာ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံပြီး ဖော်ဆောင်ထားရတာ ဖြစ်ပါတယ်။

တစ်နည်းဆိုရရင် အစိုးရအဆက်ဆက်ဟာ ပြည်သူ့ငွေကြေးကိုစီမံခန့်ခွဲပြီး ပြည်သူတွေအတွက် ကောင်းကျိုးရရှိစေမယ့် အရာတွေကို ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်လုံး တည်ဆောက်ဖို့အတွက် ပြည်သူ့ငွေတွေ သုံးရပါတယ်။ တာဝါတိုင်တွေ တည်ဆောက်ဖို့အတွက် ပြည်သူ့ငွေတွေသုံးရပါတယ်။

ဓာတ်အားခွဲရုံတွေ တည်ဆောက်ဖို့အတွက် ပြည်သူ့ငွေတွေသုံးရပါတယ်။   လျှပ်စစ်မီးကြိုးတွေ သွယ်တန်းဖို့အတွက် ပြည်သူ့ငွေတွေသုံးရပါတယ်။ တကယ်လို့များ တာဝါတိုင်တစ်တိုင် ပျက်စီးသွားပြီဆိုရင် ပြန်လည်ပြင်ဆင်ဖို့အတွက် ပြည်သူ့ငွေကိုပဲ အသုံးပြုရပြန်ပါတယ်။

ဒါပေမဲ့ ပြည်သူ့ငွေတွေကို  အလဟဿပြုန်းတီးအောင် လုပ်ဆောင်နေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီသူတွေကတော့ အကြမ်းဖက်သမားတွေပါပဲ။ အတိအကျ ပြောရရင် ပြည်ပနိုင်ငံတချို့ရဲ့အလိုကျ မြန်မာနိုင်ငံကို အလုံးစုံပျက်သုဉ်းစေဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ CRPH နဲ့ NUG အမည်ခံအကြမ်းဖက် အဖွဲ့များရဲ့ လက်အောက်ခံ PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများပါပဲ။ သူတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်သူတွေကတော့ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသွားမှာကို     လွန်စွာတုန်လှုပ် ကြောက်ရွံ့ နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့မှ အကြမ်းဖက်သမားများ ဖြစ်ပါတယ်။

အကြမ်းဖက်သမားဆိုတဲ့အတိုင်း  သူတို့ရဲ့လုပ်ရပ်မှန်သမျှသည် ပြည်သူလူထုတစ်ရပ်လုံးပျက်စီးစေရေး ကိုသာဦးတည်တာပါ။ တစ်နည်းဆိုရရင် ပြည်သူတွေ ဒုက္ခရောက်မှ သူတို့ပျော်ကြတာပါ။    ပြည်သူတွေ စိတ်ချမ်းသာပျော်ရွှင်နေကြရင်   သူတို့မှာ နေမထိထိုင်မသာဖြစ်နေတတ်ကြပါတယ်။ အဲဒီတော့ သူတို့ကို  လူပြိန်း၊ လူအ၊ လူ့အန္ဓတွေရယ်လို့ ခေါ်ရမှာပါ။

အကြမ်းဖက်သမားများတစ်ဖြစ်လဲ လူ့အန္ဓတွေဟာ နိုင်ငံတော်နဲ့ပြည်သူလူထုတစ်ရပ်လုံး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသက်သွေးကြောဖြစ်တဲ့ လျှပ်စစ်ဓာတ်အား လိုင်းတွေကို မကြာခဏဆိုသလို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်လေ့ရှိပါတယ်။ သူတို့အတွက်ကတော့ တာဝါတိုင်တစ်တိုင်ကို  မိုင်းထောင် ဖောက်ခွဲဖျက်ဆီးလိုက်တာ   ကုန်ကျစရိတ်ဘယ်လောက်မှ မရှိပေမယ့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကြိုးပမ်းနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတော့ ပြည်သူလူထု အကျိုးကိုသာရှေးရှုကာ ပျက်စီးသွားတဲ့ တာဝါတိုင်တွေကို   ဘဏ္ဍာငွေအမြောက်အမြားအသုံးပြုပြီး ပြန်လည်တည်ဆောက်ပေးလျက်ရှိပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကိုစတင်ထမ်းဆောင်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေစလို့ ဒီကနေ့အချိန်အထိ PDF အမည်ခံအကြမ်းဖက်သမားလူ့အန္ဓများ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တဲ့ လျှပ်စစ်ဓာတ်အားပို့ဆောင်သွယ်တန်းထားတဲ့ တာဝါတိုင်စုစုပေါင်း ၆၄ တိုင်အထိရှိပါတယ်။

အတိအကျဆိုရရင် ၆၆ ကေဗွီဓာတ်အားလိုင်း ၉ လိုင်းနဲ့ ၂၃၀ နဲ့ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း ၆ လိုင်း၊ဖောက်ခွဲဖျက်ဆီးခံရမှုအကြိမ်ရေ ၃၄ ကြိမ်၊ ပျက်စီးသွားတဲ့တာဝါတိုင်စုစုပေါင်း ၆၄ တိုင်နဲ့ ပျက်စီးဆုံးရှုံးမှုအတွက် ခန့်မှန်းတန်ဖိုးစုစုပေါင်းက ကျပ်သန်းပေါင်း ၄၀၆၀ ဒသမ ၆၁၅ သန်းအထိရှိပါတယ်။ ဒီလိုဆုံးရှုံးသွားတဲ့ ကျပ်သန်းပေါင်း ၄၀၀၀ ကျော်ဟာ ပြည်သူလူထုရဲ့  ချွေးနှဲစာ  တစ်နည်းအားဖြင့် ပြည်သူ့ငွေတွေ ဖြစ်ပါတယ်။

တကယ်လို့များ အကြမ်းဖက်သမားလူ့အန္ဓတွေသာ မရှိဘူးဆိုရင် ကျပ်သန်းပေါင်း ၄၀၀၀ ကျော်ဆိုတာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်   လိုအပ်တဲ့ စီမံကိန်းကြီးတစ်ခုခုကို အကောင်အထည်ဖော်နိုင်တဲ့ ပမာဏရှိပါတယ်။    အခုတော့  အကြမ်းဖက်သမား လူ့အန္ဓတွေကြောင့် ကျပ်သန်းပေါင်း ၄၀၀၀ ကျော်အပြင် တာဝါတိုင်တွေကိုပြန်လည်ပြင်ဆင်ရေးအတွက် နောက်ထပ်ကျပ်သန်းပေါင်းများစွာ ကုန်ကျသွားရပါပြီ။ ဒီလိုကုန်ကျမှုတွေ အားလုံးဟာ ပြည်သူ့ငွေတွေသာဖြစ်ပြီး အင်မတန်မှနှမြောဖို့ကောင်းပါတယ်။

ဒီတော့ အကြမ်းဖက်သမားလူ့အန္ဓတွေအနေနဲ့ တာဝါတိုင်တွေကို အခုလို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးရတဲ့ ရည်ရွယ်ချက်ကိုပြန်ကြည့်ရင် နိုင်ငံတော်နဲ့တိုင်းရင်း သားပြည်သူများရဲ့ အကျိုးစီးပွားအတွက် စိုးစဉ်းမျှမပါတာကို တွေ့ရမှာပါ။ သူတို့ရဲ့ မူလရည်ရွယ်ချက်ကိုက ကျွန်တော်တို့မြန်မာနိုင်ငံကို ပြည်ပနိုင်ငံ တချို့ရဲ့အလိုကျ အလုံးစုံပျက်သုဉ်းစေရေးအတွက်ပဲဖြစ်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံကြီး သူတို့အလိုကျအလုံးစုံပျက်သုဉ်းမှု မဖြစ်ပေါ်စေရေးအတွက် ဘယ်သူတွေမှာတာဝန်ရှိပါသလဲ။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးမှာ   တာဝန်ရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်တဲ့စီမံချက်တွေရေးဆွဲပြီး အကောင်အထည်ဖော်နေချိန်၊   တပ်မတော်အနေနဲ့ အကြမ်းဖက်သမားလူ့အန္ဓများကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းနေချိန် ပြည်သူလူထု တစ်ရပ်လုံးကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက်  အစိုးရ၊ တပ်မတော်တို့နဲ့ အတူပူးပေါင်းပြီး အကြမ်းဖက်သမားများရဲ့  လှုပ်ရှားမှုသတင်းများကို နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့ခြင်းအားဖြင့် အကြမ်းဖက်သမားများ ရပ်တည်မှု မရှိနိုင်သည်အထိ   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတွေအားလုံးဟာ လိမ္မာယဉ်ကျေးတဲ့ အသိုင်းအဝိုင်းတစ်ခုကို ဘိုးဘေးစဉ် ဆက်လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြတာပါ။ လိမ္မာယဉ်ကျေးသူတွေ ဖြစ်ဖို့အတွက် မိဘများရဲ့ပဲ့ပြင်ဆိုဆုံးမ မှုကိုခံယူလာခဲ့ကြရပါတယ်။ ကျွန်တော်တို့မိဘများ ဆိုဆုံးမမှုထဲမှာ တိုးတက်ကြီးပွားလိုသူတစ်ဦး အနေနဲ့ အရာရာကအကြောင်းကြောင့်အကျိုးဖြစ်လာတယ်ဆိုတဲ့အကြောင်း၊ ရလာတဲ့အကျိုးက ကိုယ့်အတွက်အကျိုးရှိ လား၊ အများအတွက်အကျိုးရှိလားဆိုတာကို စူးစမ်းဖို့ လိုတဲ့အကြောင်း၊ ကိုယ့်အတွက်အကျိုးရှိတဲ့ အရာမှန်ရင်တောင်မှ အများအတွက်အကျိုးရှိတဲ့ အရာကိုဦးစားပေးလုပ်ရမယ်ဆိုတဲ့ အကြောင်းတွေကို လမ်းပြသွန်သင်ခဲ့ပါတယ်။

အခုလို PDF အမည်ခံအကြမ်းဖက်သမားလူ့အန္ဓတွေက တာဝါတိုင်တွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာဟာ ဘယ်သူ့အတွက်အကျိုးရှိပါသလဲ။ သူတို့ အတွက်တော့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်လို့ ပြည်ပနိုင်ငံကပေးတဲ့  မစို့မပို့သော ငွေစကြေးစများရရှိနိုင်ပေမယ့်   တာဝါတိုင်တွေ ပျက်စီးသွားလို့ ရရှိလာတဲ့ ဆိုးကျိုးကိုတော့ မြန်မာတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ခံစားရတာဖြစ်ပါတယ်။   ဒီတော့ အကြမ်းဖက်သမား လူ့အန္ဓတွေရဲ့လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် သူတို့ဟာ အများအတွက် အကျိုးမရှိတဲ့ လုပ်ရပ်ကိုလုပ်နေခြင်း ဖြစ်တယ်ဆိုတာကို မြင်တွေ့နိုင်ပါတယ်။

ဒီအချက်ဟာ မိဘဆိုဆုံးမမှုအောက်မှာ ကြီးပြင်းလာတဲ့   ကျန်တိုင်းရင်းသားပြည်သူများနဲ့ အကြမ်းဖက်သမား လူ့အန္ဓတို့ကြားက ကြီးမားတဲ့ကွာဟချက်ပဲဖြစ်ပါတယ်။

ဒါကြောင့် ဆိုရေးရှိလို့ဆိုရစတမ်းဆိုရင် CRPH၊ NUG အကြမ်းဖက် အဖွဲ့အစည်း လက်အောက်မှာရှိတဲ့ PDFအမည်ခံ အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ဟာ ပြည်သူအားလုံးလိုလားတဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ကောင်းစားရေး၊ ကြီးပွားတိုးတက်ရေး၊ အေးချမ်းသာယာရေးဆိုတဲ့ အန္တိမရည်မှန်းချက်နဲ့ တည့်တည့်ကြီးဆန့်ကျင်နေတာကို တွေ့ရမှာပါ။

ဒီတော့ မိမိတို့တစ်မျိုးသားလုံးရဲ့ အန္တိမရည်မှန်းချက်ရရှိစေရေးအတွက်   ဆူးငြောင့်ခလုတ်အဖြစ် တည်ရှိနေတဲ့ အကြမ်းဖက်သမားလူ့အန္ဓများကို မိမိတို့တစ်မျိုးသားလုံးက အမြစ်ကနေ ဖယ်ရှားရှင်းလင်းရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့မြန်မာနိုင်ငံကြီး ရှေ့သို့အောင်မြင်စွာ ဆက်လက်ချီတက်လျှောက်လှမ်းနိုင်ဖို့ ပြည်သူလူထု တစ်ရပ်လုံးက နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နဲ့အတူ ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။    ။

ထက်မြက်