မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ ကြာသပတေးနေ့

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ ကြာသပတေးနေ့

 

၁။      ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ တက်ရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူ အများအပြား ရှိနေစဉ် ကင်မွန်းချောင်းတောင်တက်ယာဉ်စခန်းအား အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် ကြားသိရပါသည်။

၂။       ဗုဒ္ဓဘာသာဝင်ပြည်သူများ၏ ဝါကျွတ်အခါသမယတွင် ကျိုက်ထီးရိုးဆံတော်ရှင်စေတီ တော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ကုသိုလ်ယူခြင်းနှင့် အေးချမ်းစွာသွားလာ နေထိုင်ခြင်း များကို ပျက်စီးစေလိုသည့် သဘောထားဖြင့် ယခုကဲ့သို့ လူမဆန်သော အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည့် အကြမ်းဖက် အဖွဲ့အစည်းများအား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့