ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာ၌ အောက်တိုဘာ၁၆ ရက် နံနက် ၈ နာရီခွဲတွင် စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိသူအား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ နောင်တရားနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်လှိုင်ဝင်းဟန် ဦးစီးသော တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာနေ တီးမောင်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းင်းအား နေအိမ်ဧည့်ခန်းအတွင်း တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် အင်္ကျီဝဲဘက်အိတ်ကပ် အတွင်းမှ ရှမ်းစက္ကူဖြင့် ပတ်လျက် အပြာရောင်ပလတ်စတစ်ကပ်ခွာအိတ်အတွင်းထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်<ကဆေးပြား ၂၀၀ ပြားပါနှစ်ထုပ်၊ နေအိမ်အိပ်ခန်းအတွင်းရှိ အစိမ်းရောင်သံသေတ္တာအတွင်းမှ ရှမ်းစက္ကူဖြင့်ပတ်လျက် အပြာရောင်ပလတ် စတစ်ကပ်ခွာအိတ်အတွင်း ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပြားပါ အထုပ် ၅၀ စုစုပေါင်းစိတ်ကြွဆေးပြား ၁၀၄၀၀ ပြားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ တီးမောင်အား နောင်တရားနယ်မြေရဲစခန်းက ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)