တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း(၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း(၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားမည့် Video Message မိန့်ခွန်းအား ထုတ်လွှင့်ပြသမည်

    ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့(ယနေ့)တွင် ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က Video Message ဖြင့်ပြောကြား မည့် မိန့်ခွန်းအပြည့်အစုံအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV-HD ၊ MRTV-News ၊ MRTV NRC ၊ မြဝတီရုပ်မြင်သံကြား MWD HD ၊ MWD Variety ၊ MWD Education, Knowledge and Sports ၊ MRTV Website ၊ မြန်မာ့အသံရေဒီယို၊ ရွှေ FM၊ ပတ္တမြား FM၊ ချယ်ရီ FM၊ FM ပုဂံ၊ မန္တလေး FM၊ ပဉ္စဝတီ FM ၊ သဇင် FM နှင့် Star FM တို့တွင် အခမ်းအနား ကျင်းပချိန် နံနက် ၉ နာရီ၌ တစ်ပြိုင်တည်း ထုတ်လွှင့်ပြသပေး သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အသိပေး အပ်ပါသည်။