တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ဆန်၊ဆီနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ဆန်၊ဆီနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၁၄

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ထားဝယ်မြို့နယ်၊ ပုလောမြို့နယ်နှင့် ကော့သောင်းမြို့နယ်များ အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက် ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမနှင့် သက်ဆိုင်ရာ တပ်နယ်ခန်းမ များ၌ သွားရောက် တွေ့ဆုံသည်။

   ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား နယ်မြေခံဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။